ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၁၂ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်း အတက်အကျများ ဖြစ်ခဲ့ရာ မွန်းလွဲပိုင်းတွင် ၁၂၀၈ ကျပ်သို့ ပြန်လည် ကျဆင်းခဲ့ကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။မတ် ၉ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၂၁ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် ရောင်းဈေး ၁၂၁၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၁၀ ဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၂၁ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၁၁ ကျပ် ဝန်းကျင် သတ်မှတ်ထားသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ် ၈ ရက်တွင ်တစ်ရက်အတွင်း ရှစ်ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် (၁၁၉၈ ကျပ်ဝန်းကျင်မှ) ၁၂၀၆ ကျပ်ဝန်းကျင်အထိ ရှိလာခဲ့ပြီး မတ် ၉ ရက်တွင် ခြောက်ကျပ် ထပ်မံ မြင့်တက်လာသည့်အတွက် တစ်ဒေါ်လာလဲနှုန်း ၁၂၁၂ ကျပ် ဝန်းကျင်သို့ ပြန်လည် မြင့်တက်လာခဲ့သည်။ ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မတ်လ ပထမပတ်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်မှ ၁၁၉၈ ကျပ်ဝန်းကျင်အထိ ၄၂ ကျပ်ဝန်းကျင် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၁၂၁၂ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၂၀၈ ကျပ်သို့ ပြန်လည်ကျဆင်း










