ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပါအတိုင်း ပြင်သင့်ပြင်ထိုက် သည်များကို သင့်လျော်သည့် အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများကို ဖေဖော်ဝါ ရီ ၂၂ ရက်၌ တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ပါဝင်သည်။
ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် တပ်မတော်အနေဖြင့် ယင်းစနစ် ခိုင်ခိုင်မာမာ ရှိစေရန်အတွက် ဥပဒေနှင့်အညီ မှန်ကန်စွာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် နိုင်ငံပြုပြင် ပြောင်းလဲမှု ကာလအတွင်း ပြိုကွဲသွားသည့် နိုင်ငံများရှိကြောင်း၊ မိမိနိုင်ငံအနေဖြင့် ဒီမိုကရေစီ သက်တမ်း ငါးနှစ်ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျော်သည့် အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဓိကမှာ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်ရန် ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုသည် ဒီမိုကရေစီတွင် မရှိမဖြစ် လိုအပ်ကြောင်း၊ အလားတူ တရားဥပဒေ စိုးမိုးရေး ရှိရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို မဖြစ်မနေ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်၍ မရနိုင်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လက်ခံပါက လက်နက်စွန့်လွှတ်၍ တရားဥပဒေနှင့် အညီသာ ရယူလိုသည့် တောင်းဆိုမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှု မရှိပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မှု မရှိနိုင်ကြောင်း၊ တစ်ဖက်မှလည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်အတွက် ပညာတတ်များ ပေါကြွယ်ဝစေရန် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အနာဂတ် နိုင်ငံတော်အတွက် ပညာတတ်များစွာ လိုအပ်နေကြောင်း ပညာရေးဆိုင်ရာ အချက်အလက်များအား ကိုးကား၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အခန်း (၁၂) ပါအတိုင်း ပြင်သင့်ပြင်ထိုက် သည်များကို သင့်လျော်သည့် အချိန်တွင် ပြုပြင်ရမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား















