လှုမှုကွန်ရက် (Facebook) စာမျက်နှာထက်ရှိ အချိန်ပိုင်း၊ အချိန်ပြည့် အလုပ်အကိုင်ရှာဖွေရေး Page ၊ Group များတွင် ခေါ်ယူလျက်ရှိသော အလုပ်အကိုင်အချို့သည် မမှန်ကန်မှုများ ရှိနေကြောင်းကို အဆိုပါ Page ၊ Group များတွင် ခေါ်ယူသည့် လုပ်ငန်းများတွင် သွားရောက်၍ အလုပ်လျှောက်ထားသူများနှင့် လှုမှုကွန်ရက် (Facebook) အသုံးပြုသူများမှ စုံစမ်းသိရှိရသည်။Facebook စာမျက်နှာထက်တွင် လူများသိရှိအောင် ပြုလုပ်ထားသည့် အချိန်ပိုင်း၊ အချိန်ပြည့် အခမဲ့အလုပ်အကိုင် ရှာဖွေရေး Page နှင့် Group များအနေဖြင့် အလုပ်အကိုင်အများအပြား ခေါ်ယူလျက်ရှိပြီး အချို့သော အလုပ်အကိုင်များအနေဖြင့် တိကျသေချာမှု မရှိခြင်း၊ လုပ်ကိုင်ရမည့် လုပ်ငန်းအား ဖော်ပြမထားခြင်းတို့ကို တွေ့ရှိရသည်။“အခု Facebook မှာ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ အလုပ်အကိုင် ရှာဖွေရေးတွေ အများကြီးတွေ့ရတယ်။ အဲဒီ အလုပ်အကိုင်တွေကကျတော့ အပြင်မှာလည်း ကုမ္ပဏီတွေရှိတဲ့အတွက် အလုပ်အကိုင်တွေက သေချာပါတယ်။ ဒါပေမဲ့ အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်ပြီး Page တို့ Group တို့ ထောင်ထားတာတွေမှာတော့ မှန်ကန်မှုမရှိတာ တွေ့ရတယ်။ အလုပ်ခေါ်စာ တင်ထားပြီးတော့ ကိုယ်က စိတ်ဝင်စားလို့ စုံစမ်းလိုက်ရင် ရေရေရာရာ မသိရဘူး။ နောက်တစ်ခုကျတော့ ဘယ်လုပ်ငန်းမှာ လုပ်ကိုင်ရမလဲဆိုတာကို ဖော်ပြမထားပေးတော့ ပိုဆိုးတယ်”ဟု အဆိုပါ Page များတစ်ဆင့် အလုပ်လျှောက်ရန် စုံစမ်းခဲ့သူ ကိုနိုင်လင်းက ဆိုသည်။အဆိုပါ Page များအနေဖြင့် အလုပ် လုပ်ကိုင်လိုသည့် သူများအား လုပ်ကိုင်နိုင်သည့် အလုပ်များကို Page ပေါ်တွင် အချက်အလက်များနှင့် ခေါ်ယူခြင်း၊ အလုပ် လုပ်ကိုင်လိုသူများအနေဖြင့် မိမိတတ်မြောက်သည့် ပညာရပ်များကို ဖော်ပြ၍ အလုပ်အကိုင်ရှာဖွေသည့် Page ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများမှ တရားဝင်ခေါ်ယူသည့် အလုပ်အကိုင်များ မဟုတ်ကြောင်းကို ၎င်းက ဆက်လက်ပြောကြားခဲ့သည်။“ Facebook က အလုပ်ခေါ်တော့ ဖုန်းဆက်မေးပြီး သွားလျှောက်တယ်။ Page ပေါ်မှာ တင်ထားတုန်းက လစာပေးမယ်ဆိုပြီး တင်ထားတယ်။ သွားလျှောက်တော့ သင်တန်း အရင်တက်ရမယ်။ ပြီးတော့မှ ကိုယ်လုပ်ရမယ့် အလုပ်နဲ့ လစာခံစားခွင့်ရမယ်တဲ့။ သင်တန်းလည်းပြီးရော သူတို့လုပ်ငန်းမှာ အရင်းအနှီးထည့်ပေးတဲ့ လုပ်ငန်းရှင်ရှာပေးနိုင်မှ အကျိုးအမြတ်ခံစားခွင့် ရမှာတဲ့။ လစာပေးတဲ့ ပုံစံမျိုး မဟုတ်တော့ဘူး။ နောက်ပြီး အလုပ်ခန့်အပ်တဲ့ ပုံစံကလည်း ရှင်းရှင်းလင်းလင်း မရှိဘူး။ ကျွန်မလည်း သိပ်ပြီး သဘောမကျလို့ မလုပ်တော့ဘဲ ထွက်လိုက်တယ်”ဟု အဆိုပါ Page မှတစ်ဆင့် အလုပ်သွားရောက်လျှောက်သူ မဝတ်ရည်က ပြေကြားသည်။လက်ရှိတွင် Facebook အသုံးပြုသည့် လူငယ်များအနေဖြင့် အချိန်ပိုင်း အလုပ်ကိုင်ရန်အတွက် အလွန်အမင်း စိတ်ဝင်စားမှု မြင့်တက်နေသည့်အတွက် ကုမ္ပဏီရဲ့ Profile အား တိကျမှန်ကန်စွာ မသိရှိသော်လည်း၊ အချိန်ပိုင်း သို့မဟုတ် လစာကောင်းသည် ဆိုပါက အဆိုပါ လုပ်ငန်းအား သွားရောက်လုပ်ကိုင်လိုသူ များပြားလျက်ရှိနေသည်။ဒါ့အပြင် အဆိုပါအချိန်ပိုင်း၊ အချိန်ပြည့် အလုပ်အကိုင် Page တွေမှာ Multi Level Marketing အလုပ်အကိုင်များလည်း လုပ်ကိုင်ရန် ခေါ်ယူမှုကိုပါ တွေ့ရှိကြောင်း၊ အချို့ Page များတွင် ခေါ်ယူသော အလုပ်အကိုင်များအနေဖြင့် လုပ်ကိုင်ရမည့် ကုမ္ပဏီရဲ့ Profile ကို ပြောကြားခြင်းမရှိခြင်းများကိုလည်း များစွာတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။
Facebook ရှိ အချိန်ပိုင်း၊ အချိန်ပြည့် အလုပ်အကိုင်ရှာဖွေရေး Page ၊ Group များတွင် ခေါ်ယူလျက်ရှိသော အလုပ်အကိုင်အချို့ မမှန်ကန်















