အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေချေးရန် ကျပ် ဂ ဒသမ ၆ ဘီလျံ ကျန်ရှိနေသဖြင့် လုပ်ငန်းရှင်များအား ဆက်လက်ချေးမည်

အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေချေးရန် ကျပ် ဂ ဒသမ ၆ ဘီလျံ ကျန်ရှိနေသဖြင့် လုပ်ငန်းရှင်များအား ဆက်လက်ချေးမည်
Published 17 February 2016

အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေချေးပေးရန် ကျပ် ၈ ဒသမ ၆ ဘီလျံ ကျန်ရှိနေသေးသဖြင့် လုပ်ငန်းရှင်များအား ဆက်လက်ချေးပေးသွားမည်ဖြစ်ကြောင်း အသေးစား အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB) မှ သိရသည်။အစိုးရမှ အဆိုပါ ဘဏ်သို့ ၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀ ဘီလျံ၊ ၂၀၁၃ ခုနှစ်တွင် ကျပ် ၂၀ ဘီလျံကို လုပ်ငန်းရှင်များအား ချေးပေးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုလက်ရှိတွင် လုပ်ငန်းရှင်ပေါင်း ၄၅၀ ကျော်ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။ယင်းသို့ ချေးငွေထုတ်ချေးခြင်းကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ချေးခြင်းဖြစ်ကာ တိုင်း၊ ပြည်နယ်အစိုးရ ထောက်ခံချက် ရရှိသည့် လုပ်ငန်းရှင်များကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။“အားလုံးပေါင်း ကျပ်ဘီလျံ ၃၀ မှာဆိုရင် ကျန်သေးတဲ့ ပမာဏက ကျပ် ၈ ဒသမ ၆ ဘီလျံကျော်လောက် ကျန်ပါသေးတယ်။ ကျန်တဲ့ ငွေတွေကိုလည်း လာရောက်လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေကို စိစစ်ပြီးချေးပေးသွားဖို့ လုပ်ဆောင်သွားမှာပါ” ဟု SMIDB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ချေးငွေချေးလိုသည့် လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ တိုင်းပြည်နယ် အစိုးရ၏ ထောက်ခံချက် ပြုလုပ်ထားရန် လိုအပ်ပြီး ယင်းသို့ ထောက်ခံချက် ရရှိပြီးမှသာ SMID ဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ချေးငွေများ ထုတ်ချေးပေးရာတွင် တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး အပေါင်ပစ္စည်းပေါ် မူတည်ကာ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ချေးခြင်းဖြစ်ပြီး ယင်းချေးငွေကို သုံးနှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။ထို့ပြင် JICA မှတစ်ဆင့်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများကို ချေးငွေချေးပေးလျက်ရှိကာ ပထမအသုတ် ချေးငွေကို ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent