၁၂ နှစ်အရွယ် မိန်းကလေးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အကြိမ်ကြိမ် သားမယားပြုကျင့်မှု ဒလမြို့နယ်တွင် ဖြစ်ပွား

၁၂ နှစ်အရွယ် မိန်းကလေးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အကြိမ်ကြိမ် သားမယားပြုကျင့်မှု ဒလမြို့နယ်တွင် ဖြစ်ပွား
Published 16 February 2016
သန့်ဇင်ကျော်

ဒလမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးအား အမျိုးသားတစ်ဦးက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အကြိမ်ကြိမ် သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်က စုံစမ်းသိရသည်။ဖေဖော်ဝါရီ ၁၃ ရက်က ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ဒေါ် ...... (၃၈ နှစ်) သည် အိမ်ထောင်ရှိသည့် ဇော်ဝမ်း(၃၀ နှစ်)နှင့် သမီးဖြစ်သူ မ.....(၁၂ ) နှစ်တို့မှာ ချစ်ကြိုက်နေသည်ဟု ဇော်ဝမ်း၏ဇနီးဖြစ်သူက ပြောပြသိရှိရသဖြင့် သမီးဖြစ်သူ မ......(၁၂ နှစ်) အား ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။ထိုသို့မေးမြန်းရာ မ..... (၁၂ နှစ်) အား ဇော်ဝမ်း(၃၀ နှစ်) မှ တစ်ဖက်သတ် ချစ်ကြိုက်နေခြင်းသာဖြစ်ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဒေါ်.....တို့ လင်မယားမှာ နာရေးအိမ်တစ်အိမ်သို့ သွားအိပ်ချိန်တွင် နေအိမ်သို့ ဇော်ဝမ်းရောက်ရှိလာပြီး မ.......(၁၂ နှစ်) ၏ ပါးစပ်အား လက်ဖြင့်ပိတ်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။             ထို့ပြင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နှင့် ၃၀ ရက်တို့တွင်လည်း သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းနှင့် ထိုသို့ သားမယားအဖြစ် ပြုကျင့်သည်ကို လူကြီးများအား မပြောရန်နှင့် ပြောပါက သတ်ပစ်မည်ဟု ဇော်ဝမ်းက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသဖြင့် ဒေါ်.......က သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကို ဒလမြို့မရဲစခန်းမှ (ပ)၆၁/၁၆၊ ပြစ်မှုပုဒ် မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဇော်ဝမ်း(၃၀နှစ်) အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။          

Most Read

Most Recent