ယခင်ဘဏ္ဍာနှစ်က ပြည်ပသို့ တန်ဖိုးအများဆုံး တင်ပို့ခဲ့သည့် ကုန်စည်များတွင် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သတ္တုနှင့် သတ္တုရိုင်း၊ ဆန်နှင့် ပဲတို့ပါဝင်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ထား

ယခင်ဘဏ္ဍာနှစ်က ပြည်ပသို့ တန်ဖိုးအများဆုံး တင်ပို့ခဲ့သည့် ကုန်စည်များတွင် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သတ္တုနှင့် သတ္တုရိုင်း၊ ဆန်နှင့် ပဲတို့ပါဝင်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ထား
Published 16 February 2016

ယခင်ဘဏ္ဍာနှစ်က ပြည်ပသို့ တန်ဖိုးအများဆုံး တင်ပို့ခဲ့သည့် ကုန်စည်များတွင် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သတ္တုနှင့် သတ္တုရိုင်း၊ ဆန်နှင့် ပဲတို့ပါဝင်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ပြည်ပပို့ ကုန်တန်ဖိုးများ အနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၉၂၃ သန်းကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာကိုး သန်းကျော်၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ် လာ ၄၂၀ သန်းကျော်၊ သတ္တုနှင့် သတ္တုတွင်း ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၄၆၉ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ် လာ ၉၈ သန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၅၁၇၈ သန်းကျော်၊ စက်မှုကုန်ချောတင်ပို့မှု မှ ဒေါ်လာ ၁၀၅၄ သန်းကျော်နှင့် အခြားပစ္စည်းတင်ပို့မှုမှ ဒေါ် လာ ၁၃၆၉ သန်းကျော် အသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်များအနက်မှ တန်ဖိုးအများဆုံး တင်ပို့သည့် ကုန်စည်များမှာ သဘာဝဓာတ်ငွေ့၊ ပဲအမျိုးမျိုး၊ ချုပ်ပြီးအထည်၊ ကျောက်စိမ်း၊ ဆန်၊ သတ္တုနှင့် သတ္တုရိုင်း၊ ငါးတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပို့ကုန်များအား တင်ပို့ရာတွင် အများဆုံးတင်ပို့သည့် နိုင်ငံများမှာ တရုတ်ဖြစ်ပြီး တင်ပို့သည့် ပမာဏ စုစုပေါင်း ဒေါ်လာ ၄၉၆၂ သန်းကျော်ရှိပြီး ထိုင်းနိုင်ငံ သို့တင်ပို့သည့် ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၄၀၂၈ သန်းကျော်ရှိကြောင်း သိရသည်။
ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာတွင် စုစုပေါင်းကုန်သွယ်မှု ပမာဏ၏ ၃၄ ဒသမ ၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဖြင့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး ၁၉ ဒသမ ၆ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံဖြင့် လည်းကောင်း၊ ၁၆ ဒသမ ၈ ရာခိုင်နှုန်းကို စင်ကာပူနိုင်ငံဖြင့် လည်းကောင်း၊ ၇ ဒသမ ၉ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံဖြင့် လည်းကောင်း၊ ၄ ဒသမ ၆ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံဖြင့် လည်းကောင်း အသီးသီး ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်မူ ဖေဖော်ဝါရီ ၅ ရက်အထိ ပို့ကုန်တင်ပို့မှု ပမာဏစုစုပေါင်း ၈၉၁၄ သန်းကျော်ရှိပြီး သွင်းကုန်တင်သွင်းမှု ပမာဏစုစုပေါင်းမှာ ဒေါ်လာ ၁၃၉၉၇ သန်းကျော်ရှိပြီး စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၂၉၁၁ သန်းကျော်ရှိကြောင်း သိရသည်။
ကဏ္ဍအလိုက်တင်ပို့မှု အနေဖြင့် စက်မှုကုန်ချောအုပ်စုနှင့် လယ်ယာထွက်ကုန်ပစ္စည်း အုပ်စုတို့အား ပြည်ပတင်ပို့မှုမှ ရငွေအများဆုံးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent