ဘဏ်များအကြား စက္ကန့်ပိုင်းအတွင်း ငွေလွှဲပြောင်းခြင်း၊ နေ့စဉ် မြန်မာကျပ်ငွေ လွယ်ကူမှုအတွက် ငွေချေးနိုင်ခြင်း၊ ဗဟိုဘဏ်မှ ကာလတို ငွေချေးနိုင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် CBM-NET စနစ်နှင့် ဘဏ်များ၏ Fund Management ကို နေ့စဉ်စောင့်ကြည့်နိုင်မည့် MCH စနစ်တို့အား JICA ၏ ထောက်ပံံ့ငွေ ယန်း ၅၁ ဘီလျံဖြင့် စတင် လုပ်ဆောင်နေကြောင်း သိရဘဏ်များအကြား စက္ကန့်ပိုင်းအတွင်း ငွေလွှဲပြောင်း၍ နေ့စဉ် မြန်မာကျပ်ငွေ လွယ်ကူမှုအတွက် ဘဏ်အချင်းချင်းအကြား ငွေချေးပေးနိုင်ခြင်း၊ ဗဟိုဘဏ်မှ ကာလတို ငွေချေးနိုင်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နိုင်သည့် CBM-Net System နှင့် ဘဏ်များ၏ နေ့စဉ် Fund Management ကို စောင့်ကြည့်နိုင်မည့် MCH စနစ်တို့အား ဂျပန်နိုင်ငံ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆာင်ရွက်ရေး အေဂျင်စီ (JICA) ၏ ထောက်ပံ့ငွေ ယန်း ၅၁ ဘီလျံဖြင့် စတင်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်ချက်အဖြစ် ဂျပန်နိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်အရ JICA မှ Grant Aid Project ဖြစ်သော Project for Development of ICT System for Central Banking နှင့် Technical Cooperation Project ဖြစ်သော Project for Modernizing The Funds Payment and Securities Settlement System တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ စီမံကိန်းနှစ်ခုအရ ဘဏ်များပါဝင်မည့် Real Time Gross Settlement System ဖြစ်သော CBM-Net System ၊ ဗဟိုဘဏ်၏ ရုံးလုပ်ငန်းများကို အွန်လိုင်းဖြင့် ဆောင်ရွက်မည့် CBM-OA System နှင့် Cheque Clearing System ဖြစ်သော Mechanized Clearing House တို့ကို ဆောင်ရွက်နိုင်ခဲ့သဖြင့် မူလက Paper Base နှင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် Payment Transaction အားလုံးကို အွန်လိုင်းဖြင့်ပင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး ဘဏ်အချင်းချင်းအကြား ငွေလွှဲပြောင်းမှုများသာမက ဘဏ်အသုံးပြုသူ ဖောက်သည်များနှင့်လည်း ငွေလွှဲပြောင်းမှုများကို အွန်လိုင်းမှပင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။CBM-Net System တွင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအဖြစ် မြန်မာကျပ်ငွေ နှင့် နိုင်ငံခြားငွေများကို Fund Transfer ပြုလုပ်နိုင်ခြင်း၊ Securities Settlement ၊Collateral Business များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေများဖြင့် Fund Transfer ပြုလုပ်ရာတွင် ဘဏ်အချင်းချင်း၊ ဗဟိုဘဏ်နှင့် ဘဏ်များအကြား Debit / Credit Function များ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Customer Credit Transfer များ ကိုလည်း မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။Securities Settlement တွင် T -bond / bill များကို Transfer လုပ်ခြင်း၊ Allocation လုပ်ခြင်း၊ Issuance နှင့် Delievery Verse Payment Function များ ဆောင်ရွက်နိုင်မည်ဖြစ်ကာ Collateral Business များအောက်တွင် Collateral Provision ၊ Collateral Return များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး ဘဏ်၏ Balance များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်မည့်အပြင် ဈေးကွက်အတွင်း သတင်းအချက်အလက်များကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါစနစ်များ အသုံးပြုလာခြင်းကြောင့် ဗဟိုဘဏ်အနေနှင့် Intra Day Over Draft / Over Night Facility များ ရယူနိုင်သဖြင့် ဘဏ်များ၏ ငွေရေးကြေးရေးခိုင်မာမှုအတွက် MMK Liquidity ဖြည့်ဆည်းပေးနိုင်သည့် အခြေခံကွန်ရက်ကို ရရှိနိုင်မည်ဖြစ်ကာ ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည့်အပြင် နောင်တွင် CBM-Net System နှင့် စတော့အိတ်ချိန်းကဲ့သို့သော Large Value Payment များဖြင့် ချိတ်ဆက်နိုင်ရန်ပါ လုပ်ဆောင်နေကြောင်း သိရသည်။
ဘဏ်များအကြား စက္ကန့်ပိုင်းအတွင်း ငွေလွှဲပြောင်းခြင်း၊ နေ့စဉ် မြန်မာကျပ်ငွေ လွယ်ကူမှုအတွက် ငွေချေးနိုင်ခြင်း၊ ဗဟိုဘဏ်မှ ကာလတို ငွေချေးနိုင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် CBM-NET စနစ်နှင့် ဘဏ်များ၏ Fund Management ကို နေ့စဉ်စောင့်ကြည့်နိုင်မည့် MCH










