နိုင်ငံပိုင်လုပ်ငန်းများ အားလုံးတွင် ဘတ်ဂျက်သို့ မရောက်ရှိသည့် သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေများ ရှိနေပြီး အဆိုပါ ငွေများသည် ဝန်ကြီးဌာနများကို အစိုးရထက် ပိုမိုအားကောင်းလာသည့် အခြေအနေသို့ ဖြစ်ပေါ်စေကာ အကျင့်ပျက် လာဘ်စားမှုများ ပိုမိုမြင့်တက် လာစေနိုင်သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့်လည်း ထိုသို့သော အခြေအနေများအပေါ် စိုးရိမ်နေသည်ဟု အမေရိကန်နိုင်ငံအခြေစိုက် National Resource Governance Institute - NGRI ၏ Gilded Gatekeepers: Myanmar's State-Owned oil and Mining Enterprises အစီရင်ခံစာ မိတ်ဆက်ပွဲတွင် NGRI မှ ဒါရိုက်တာ Mr.Patrick Heller က ပြောကြားသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းနှင့် အမှတ် ၁၊ ၂၊ ၃ သတ္တုတွင်းလုပ်ငန်း စသည့်နိုင်ငံပိုင် လုပ်ငန်းကြီးများမှ နိုင်ငံဘတ်ဂျက်သို့ ထည့်သွင်းဖော်ပြမှု မရှိသည့် သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်ခုတည်းပင်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ (ကျပ် ၁ ဒသမ ၅ ထရီလျံ) အထိ စုဆောင်းခဲ့ကြောင်းနှင့် ထိုသို့နိုင်ငံ၏ ပုံမှန်ဘတ်ဂျက်များတွင် မပါဝင်သည့် ဝန်ကြီးဌာနများ၏ သီးခြားငွေစာရင်းမှ ငွေများသည် ငွေကြေးမည်မျှအထိ ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားမှု မရှိသော်လည်း အချို့သော ငွေစာရင်းများတွင် ဒေါ်လာသန်း ရာနှင့်ချီ၍ ရှိနေနိုင်ပြီး အချို့သော ငွေစာရင်းများတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ရှိနေနိုင်သည်ဟု အမေရိကန် နိုင်ငံအခြေစိုက် National Resource Governance Institute - NGRI ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာအပေါ် အမှီပြု၍ ရေးသားထားခြင်းဖြစ်သည်။
ပြည်သူ့ဘဏ္ဍာအပေါ် လွှမ်းမိုးမှုကြီးမားသည့် ရေနံ၊ ဓာတ်ငွေ့နှင့် တွင်းထွက်ကဏ္ဍမှ ရငွေများသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အစိုးရ ရငွေအားလုံး၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းဝင်ငွေ၏ ၁၆ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု အစီရင်ခံစာက ဆိုသည်။
နိုင်ငံပိုင် တွင်းထွက်လုပ်ငန်းများ (SEE) ကို ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်ခွင့်များကို နည်းလမ်းအမျိုးမျိုးဖြင့် အစိုးရက ဆောင်ရွက်ထားပြီးဖြစ်ကာ အဆိုပါ ဝင်ငွေများမှ ငွေများကို ဘဏ္ဍာနှစ် တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းစုဆောင်းသွားရန် သီးခြားငွေစာရင်းဖြင့် စုဆောင်းထားပြီး အဆိုပါငွေများသည် Regular Annual Budget Process နှင့် သက်ဆိုင်မှု မရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ထိုသို့နိုင်ငံ၏ ပုံမှန်ဘတ်ဂျက်များတွင် မပါဝင်သည့် ဝန်ကြီးဌာနများ၏ သီးခြားငွေစာရင်းမှ ငွေများသည် ငွေကြေး မည်မျှအထိ ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားမှု မရှိသော်လည်း အချို့သော ငွေစာရင်းများတွင် ဒေါ်လာသန်း ရာနှင့်ချီ၍ ရှိနေနိုင်ပြီး အချို့သော ငွေစာရင်းများတွင် ဒေါ်လာဘီလျံနှင့်ချီ၍ ရှိနေနိုင်သည်ဟု ဖော်ပြသည်။
အစီရင်ခံစာပါ ဖော်ပြချက်များနှင့် ပတ်သက်၍ NGRI နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး NGRI ၏ တွေ့ရှိ ချက်များဖြစ်သည့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဘတ်ဂျက်သို့ ရောက်ရှိမှု မရှိသည့် ဝန်ကြီးဌာနများ၏ သီးခြားရန်ပုံငွေများသည် မည်သို့သိမ်းဆည်း၍ မည်သို့အသုံးပြုနေသည်၊ မည်သူက ထိန်းချုပ်နေသည်ဆိုသည့် အချက်များ သိရှိခွင့်မရ ဖြစ်နေသည့် အခြေအနေအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် စိုးရိမ်နေရခြင်း ဖြစ်ကြောင်းနှင့် ထိုသို့သော ဘတ်ဂျက်သို့ မရောက်ရှိသည့် သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေများသည် ဝန်ကြီးဌာနများကို အစိုးရထက် ပိုမိုအားကောင်းလာသည့် အခြေအနေသို့ ဖြစ်ပေါ်စေကာ အကျင့်ပျက် လာဘ်စားမှုများ ပိုမိုမြင့်တက်လာ စေနိုင်သည်ဟု Patrick က ဆိုသည်။
"နိုင်ငံပိုင် လုပ်ငန်းတွေအားလုံးမှာ သီးသန့်ရန်ပုံငွေအဖြစ် သိမ်းဆည်းတဲ့ ဝင်ငွေတွေ ရှိနေတယ်။ ဒီငွေတွေကို ဘယ်လိုသုံးပြီး ဘယ်လိုသိမ်းဆည်း နေတယ်ဆိုတာ ဘယ်သူကမှ ပြောကြားမှု မရှိဘူး။ နိုင်ငံပိုင် လုပ်ငန်းတွေထဲမှာမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက နည်းပါးတဲ့ လုပ်ငန်းစဉ်တွေနဲ့ များပြားတဲ့ ငွေတွေကို သိမ်းဆည်းမှု လုပ်နေတဲ့အပြင် ပွင့်လင်းမြင်သာမှု မရှိတဲ့ အခြေအနေလည်း ဖြစ်နေတယ်။ ဒါတွေက တခြားနိုင်ငံတွေမှာ မရှိတဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်နေတယ်။ ပြီးတော့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကနေ ဘတ်ဂျက်မှာ အများဆုံး ထည့်ဝင်ပေမယ့် သူကပဲ အများဆုံး ပြန်သုံးတယ်ဆိုတော့ သူရှာတဲ့ငွေက သူပြန်သုံးနေတာနဲ့ ကုန်နေတယ်။ ဝန်ကြီးဌာနတွေရဲ့ သီးသန့်ရန်ပုံငွေတွေကို နိုင်ငံတိုးတက်ဖို့ မလုပ်ဘဲ အစိုးရက ပြည်သူ့ဘဏ္ဍာကို ဘယ်လောက်အထိ ထိန်းသိမ်းထားမလဲဆိုတာ မေးခွန်းထုတ်ဖို့လိုတယ်" ဟု Patrick က ဆိုသည်။
ဝန်ကြီးဌာနများ၏ သီးသန့်ရန်ပုံငွေအဖြစ် စုဆောင်းငွေများသည် အစိုးရထက် ပိုမိုအားကောင်းသည့် အခြေအနေ ဖြစ်လာစေ၍ အကျင့်ပျက်လာဘ်စားမှု ပိုမိုမြင့်တက်လာနိုင်ပြီး ထိုအခြေအနေအပေါ် NLD အနေဖြင့်လည်း စိုးရိမ်နေရဟု အမေရိကန် အခြေစိုက် NRGI ပြောကြား










