ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၄ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်းနေပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနှင့် သုံးကျပ်ဝန်းကျင် ကွာဟလျက်ရှိကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
ဇန်နဝါရီ ၂၆ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၄ ကျပ် ဝန်းကျင် ရှိနေပြီး ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဇန်နဝါရီနောက်ဆုံးပတ်၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၆ ကျပ် ဝန်းကျင်ရှိခဲ့ပြီး ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ်သို့ တစ်ရက်အတွင်း နှစ်ကျပ်ဝန်းကျင် ကျဆင်းခဲ့ခြင်းပြီး ဗဟိုဘဏ်၏ သတ်မှတ် နိုင်ငံခြား ငွေလဲနှုန်းတွင် ဒေါ်လာလဲနှုန်း လျော့ချ သတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် လိုက်ပါ ကျဆင်းလျက်ရှိသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာလဲနှုန်းသည် ဇန်နဝါရီ ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်ရှိခဲ့ပြီး ၂၆ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၉၇ ကျပ် ရှိခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၇ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၁ ကျပ် ဝန်းကျင်တွင် ရှိနေသည်။
ဇန်နဝါရီ ၂၆ ရက် နိုင်ငံခြားငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၂၉၇ ကျပ်ဖြင့် အမေရိကန်ဒေါ်လာတစ်သန်းကို ရောင်းချခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၁ကျပ် ဝန်းကျင်တွင် ရှိနေသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟု ဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀မှစ၍ သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် သတ်မှတ် ဒေါ်လာလဲနှုန်းသည် ၁၂၉၇ ကျပ် ရှိနေသည်။
ဇန်နဝါရီ တတိယပတ်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ် သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင်လည်း တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်ဝန်းကျင် ရှိခဲ့သည့်အတွက် ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်းနှင့် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းတို့မှာ ကွာဟချက် နည်းခဲ့သည်။
ဇန်နဝါရီ တတိယပတ်အတွင်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးလေလံမှ တစ်ဆင့် ဒေါ်လာလေးသန်းကို ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများသို့ ရောင်းချပြီး ဗဟိုဘဏ် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်၊ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် စုစုပေါင်း ဒေါ်လာလေးသန်း ထုတ်ရောင်းခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် ဒေါ်လာနှစ်သန်း ပြန်လည် ဝယ်ယူခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၄ ကျပ် ဝန်းကျင်သို့ ဆက်လက် ကျဆင်းနေပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနှင့် သုံးကျပ် ဝန်းကျင် ကွာဟ










