အစိုးရသစ် အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် လုပ်ဆောင်သည့် လုပ်ငန်းများကို တစ်ဦးတည်းသို့ အပ်နှံခြင်း မပြုဘဲ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့သို့ တာဝန်ယူ လုပ်ဆောင်စေပြီး ရပ်ကျေးမှ ပြည်သူများ စစ်ဆေးခြင်းဖြင့်

အစိုးရသစ် အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် လုပ်ဆောင်သည့် လုပ်ငန်းများကို တစ်ဦးတည်းသို့ အပ်နှံခြင်း မပြုဘဲ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့သို့ တာဝန်ယူ လုပ်ဆောင်စေပြီး ရပ်ကျေးမှ ပြည်သူများ စစ်ဆေးခြင်းဖြင့်
Published 25 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အစိုးရသစ် အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် လုပ်ဆောင်သည့် လုပ်ငန်းများကို တစ်ဦးတည်းသို့ အပ်နှံခြင်း မပြုဘဲ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့သို့ တာဝန်ယူ လုပ်ဆောင်စေပြီး ရပ်ကျေးမှ ပြည်သူများ စစ်ဆေးခြင်းဖြင့် ပြောင်းလဲလုပ်ဆောင်သင့်ဟု NLD ကိုယ်စားလှယ်ဆွေးနွေးနောင်တာဝန်ယူမည့် အစိုးရသစ် အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် လုပ်ဆောင်သည့် လုပ်ငန်းများကို တစ်ဦးတည်းလက်ထဲသို့ အပ်နှံခြင်း မပြုဘဲ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့သို့ တာဝန်ယူ လုပ်ဆောင်စေပြီး ရပ်ကျေးမှ ပြည်သူများဖြင့် လုပ်ငန်းစစ် အဖွဲ့များဖွဲ့ကာ စစ်ဆေးခြင်းဖြင့် လုပ်နည်းပုံစံများ ပြောင်းလဲသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးပြောကြားသည်။နေပြည်တော်တွင် ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။“၂၀၁၄-၂၀၁၅ ရဲ့ လုပ်ငန်းပြီးစီးလို့ မြို့နယ်စာရင်းစစ် စစ်ဆေးပြီးတာကို ကျွန်မ ပြန်စစ်ဆေးတဲ့အခါ လုပ်ငန်းတစ်ခုမှာ သုံးစွဲမဲ့ ပစ္စည်းဝယ်ယူမှု ပမာဏ အဆမတန် များပြားနေတာတွေ၊ အပေါ်စာမှာ ပြထားတဲ့ ပစ္စည်းပမာဏနဲ့ ပစ္စည်းဝယ်ယူတဲ့ စာရင်းပမာဏ ကွာဟနေတာတွေ၊ အင်ဂျင်နီယာများရဲ့ ကြီးကြပ်ခတောင်းထားတာတွေ၊ လုပ်ငန်းစစ်အဖွဲ့ အမှန်တကယ် အကြိမ်အရေတွက် မစစ်ဘဲ သွားလာစရိတ်ထည့် ထားတာတွေ၊ ဒါတွေ လုပ်ငန်းအသေးလေးတွေဖြစ်လို့ အုပ်ချုပ်ရေး အပိုင်းကရော၊ အင်ဂျင်နီယာကရော၊ စာရင်းစစ်ကော အသေအချာ မစစ်ဆေးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် နေပြည်တော် ကောင်စီနယ်မြေမှာတောင် ဥပဒေပြဋ္ဌာန်းချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှု အားနည်းတာ တွေ့ရှိရတာ ဖြစ်တယ်လို့ တင်ပြထားတာကို ထောက်ခံပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးပြောကြားသည်။ဆက်လက်ပြီး ၎င်းက နောင်တာဝန်ယူမည့် အစိုးရသစ် အနေဖြင့် ဒေသဖွံ့ဖြိုးရေရန် ပုံငွေဖြင့် လုပ်ဆောင်ရသော လုပ်ငန်းများသည် ဒေသအတွက် အမှန်တကယ် အကျိုးရှိသော်လည်း ရန်ပုံငွေများကို အမှန်တကယ် အကျိုးရှိစွာ အသုံးပြုရန်နှင့် လုပ်ငန်းများအား တစ်ဦးတစ်ယောက်ထဲသို့ အပ်နှံခြင်း မပြုဘဲ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့သို့ တာဝန်ယူ လုပ်ဆောင်စေခြင်း၊ ရပ်/ကျေးမှ ပြည်သူများဖြင့် လုပ်ငန်းစစ် အဖွဲ့များဖွဲ့ကာ စစ်ဆေးခြင်းဖြင့် လုပ်နည်းပုံစံများ ပြောင်းလဲသင့်ကြောင်း ဆွေးနွေးခဲ့သည်။ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မှု အားနည်းနေသေးကြောင်း၊ စာရင်းစစ်ကန့်ကွက်ချက်များ သိသိသာသာ လျော့နည်းသွားခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များ အနေဖြင့် မြို့နယ်အလိုက် အဆင့်ဆင့် ကြီးကြပ်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်း၊ တိတိကျကျ တာဝန်ပေးအပ်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တိုက်တွန်းထားသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအရ မြို့နယ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် မြို့နယ်ထွေ/အုပ်က ငွေထုတ်ရကြောင်း ယင်းငွေသည် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေစာရင်းထဲမှ ထုတ်ပေးရသည့်အတွက် အကောင်အထည်ဖော်မှုကို လွှတ်တော်ကိုယ်စားလှယ်များနှင့် မသက်ဆိုင်သလို ၎င်းတို့သာ လုပ်ငန်းစီမံချက်များ ရေးဆွဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးပြောကြားသည်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ပြီး အဆိုပါ ဆွေးနွေးချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းရန်ရှိကြောင်း သတင်းရရှိပါသည်။   

Most Read

Most Recent