FAဖလား တတိယအဆင့် ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ချယ်လ်ဆီးအသင်းဟာ စကန်သော့ပ် အသင်းကို (၂-ဝ) ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပေမယ့် League Two ကလပ်အောက်စ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ဆွမ်ဆီး ပြိုင်ပွဲက ထွက်ခဲ့ရသလို၊ စပါးအသင်းကလည်း ဒိုင်လူကြီးပေးခဲ့တဲ့ နောက်ကျ ပယ်နယ်တီဂိုးကြောင့် လက်စတာနဲ့ သရေကျခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ League One က စကန်သော့ပ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ် ပေမယ့်လည်း သေချာပေါက် အနိုင်ရဖို့အတွက် အဓိက ကစားသမားတွေ အားလုံးကို အသုံးပြုခဲ့တာပါ။ ဒါကြောင့်လည်း စကန်သော့ပ်အသင်းဟာ ချယ်လ်ဆီးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဒီယေဂိုကော်စတာ(၁၃မိနစ်)၊ လော့ဖ်တပ်ချိခ် (၆၈မိနစ်) တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်းကတော့ အိမ်ကွင်းမှာ လက်စတာကို သရေကျအောင် မနည်းရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီးမှာရတဲ့ ပယ်နယ်တီဂိုးကြောင့်သာ နောက်တစ်ကျော့ ကစားခွင့်ရခဲ့တာပါ။ လက်စတာရဲ့ အဓိက ကစားသမား(၂)ဦးဖြစ်တဲ့ ဗာဒီနဲ့မာရက်ဇ်တို့ မပါဝင်နိုင်ခဲ့ပေမယ့်လည်း လက်စတာအသင်းဟာ စပါးကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး ရတဲ့အခွင့်အရေးတွေကိုလည်း မလွတ်တမ်းအသုံးချနိုင်ခဲ့လု့ိ အိမ်ကွင်းမှာ ပြန်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။စပါးအသင်းအတွက် အဲရစ်ဆင်က ပွဲအစ(၈)မိနစ်မှာပဲ အဖွင့်ဂိုးသွင်း ခဲ့ပြီး နောက်ခံလူ ဝါဆီလူစကီး က (၁၉)မိနစ်မှာ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ လက်စတာအတွက် ဦးဆောင်ဂိုးကို လူစားဝင်လာတဲ့ ဂျပန်တိုက်စစ်မှူး အိုကာဇာကီက ပွဲချိန်(၄၈)မိနစ်မှာ စပါးနောက်ခံလူတွေကို ကျော်ဖြတ်ပြီး သွင်းယူခဲ့ပေမယ့် (၈၉)မိနစ်မှာ လက်စတာတောင်ပံကစားသမား ဒိုင်ယာ ပယ်နယ်တီ ဧရိယာအတွင်း ဘောလုံးကို လက်နဲ့ထိခဲ့လို့ ပယ်နယ်တီပေး ခဲ့ရပါတယ်။ ဒိုင်ယာအနေနဲ့ ဘောလုံးကို မတော်တဆထိခဲ့တာကြောင့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်က အငြင်းပွားစရာဖြစ်ခဲ့ပြီး အဲဒီပယ်နယ်တီကို ဟာရီကိန်းက ကန်သွင်းယူခဲ့တာကြောင့် (၂)ဂိုးစီသရေကျခဲ့ လို့ နောက်တစ်ဆင့်တက်ဖို့အတွက် လက်စတာကွင်းမှာအဆုံးအဖြတ်ပွဲ ကစား ရတော့မှာပါ။
ချယ်လ်ဆီးအသင်း FA ဖလား နောက်တစ်ဆင့်တက်ခဲ့ပြီး ပယ်နယ်တီဂိုးကြောင့် သရေကျခဲ့တဲ့ စပါး
Most Read
Most Recent
13 hours ago
14 hours ago
14 hours ago
14 hours ago