မြဝတီမြို့တွင် သေနတ်မိုးပေါ်ထောင်ပြီး ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့

မြဝတီမြို့တွင် သေနတ်မိုးပေါ်ထောင်ပြီး ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့
Published 3 January 2016

မြဝတီမြို အမှတ်(၄)ရပ်ကွက် အာရှလမ်း ထိပ်တန်း စာသောက်ဆိုင်တွင် ဆိုင်ပိုင်ရှင်နှင့် လာရောက်စားသောက်သူတို့ စားသောက်ပြီး ပြန်အထွက်တွင် စကားများရာ သေနတ်မိုးပေါ်ထောင်ပြီး ခြိမ်းခြောက် ပစ်ခတ်သည့် ဖြစ်စဉ်တစ်ရပ်နှစ်သစ်ကူးညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။၂၀၁၆ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၂ နာရီ ၂၅ မိနစ်တွင် အာရှလမ်းရှိ ရွှေပိုးစားသောက်ဆိုင်ပိုင်ရှင် ထွန်းထွန်းဦးသည် အမည်မသိ လူတစ်ဦးနှင့် အတူ ထိပ်တန်း DJ စားသောက်ဆိုင်၌ စားသောက်ပြီး ပြန်အထွက်တွင် ထိပ်တန်းဆိုင်ပိုင်ရှင် ကိုအောင်(ခ)အောင်စိုးဦး မှ နှုတ်ဆက်စကားပြောဆိုခဲ့ကြောင်း၊ ထို့ သို့ပြောဆိုကြစဉ် စားသောက်ဆိုင်အား တိုင်တန်းသည့် ကိစ္စကို မေးမြန်းရာမှ စကားများပြီး ထွန်းထွန်ဦးက ၎င်းနှင့်အတူ ပါလာသူ လွယ်ထားသော အိတ်အတွင်းမှ သေနတ်ကိုထုတ်ယူပြီး မိုးပေါ်သို့ သုံးချက်ထောင်ပစ်ကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ပြီးနေက် ၎င်း၏မျက်နှာအား လက်သီးဖြင့် ထိုးကြောင်း၊ ထိုစဉ် ဆိုင် အလုပ်သမားများ ပြေးထွက်လာခြင်းကြောင့် အမည်မသိသူက သေနတ်အား ပြန်ယူ၍မြေပြင်သို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထွန်းထွန်းဦးနှင့် အမည်မသိသူအား အရေးယူပေးနိုင်ရန် ထိပ်တန်း စားသောက်ဆိုင် ပိုင်ရှင်မှ မြဝတီရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရွှေပိုးစားသောက်ဆိုင်ပိုင်ရှင် ထွန်းထွန်းဦး(၄၀)နှစ် ၊အမှတ်(၄) ရပ်ကွက်နေသူအား (ပ)၂ / ၂၀၁၆ ပြစ်ပုဒ်မ၃၀၇/၃၂၃/၁၁၄ ဖြင့် အရေးယူစစ်ဆေးနေပြီး  ကွင်းဆက် အဖြစ် အမည်မသိ သေနတ်ကိုင်ဆောင်သူ နှင့် သက်သေခံပစ္စည်းအား ဖမ်းဆီး ရမိနိုင်ရေးအတွက် စုံစမ်းထောက်လှမ်း လျှက်ရှိကြောင်း သိရှိရပါသည်။ 

Most Read

Most Recent