ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသည့် မချောစန္ဒီထွန်း၏ အမှုကို အယူခံ ဝင်တော့မည် မဟုတ်ကြောင်း မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က မချောစန္ဒီထွန်းသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ကျူးလွန်သည်ဟု ပြစ်မှုထင်ရှားကြောင်း ထောင်ဒဏ်ခြောက်လ အမိန့်ချမှတ်မှုကို ခရိုင်၊ တိုင်း အထက်တရားရုံး အဆင့်ဆင့်သို့ အယူခံဝင်တော့မည် မဟုတ်ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
“အယူခံ ဝင်မဝင်က သူ့မိသားစုနဲ့ တိုင်ပင်ရဦးမယ်။ အကယ်၍ အယူခံ ဝင်မယ်ဆိုရင်တောင်မှပဲ အယူခံကျဖို့ကို တစ်လခွဲလောက် ကြာမယ်။ အဲဒါကို ကျော်လွှားနိုင်ဖို့က အခက်အခဲရှိမယ်။ ဒါကြောင့်မို့ အယူခံ မတက်တော့ဘူးလို့ ဆိုရမှာပဲ။ မတက်ဖို့ များတယ်”ဟု ၎င်း The Daily Eleven သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်း အရောင်တို့ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က မချောစန္ဒီထွန်းကို တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသည့် မချောစန္ဒီထွန်းအမှု အယူခံဝင်တော့မည် မဟုတ်ဟု ၎င်း၏ရှေ့နေ ပြောကြား