ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့ မြို့နယ်တို့မှ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှ ကျူးလွန်သူ ၁၁ ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၄ ဦးတို့အား ဒီဇင်ဘာ ၃၀ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ စတင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။အရှေ့ပိုင်းခရိုင်အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် ဖြစ်စဉ်နှစ်ခုတို့မှ စံချိန်တင် စိတ်ကြွဆေးပြား အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူများမှာ ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်) ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်၊ ထွန်းဇော်ဌေး၊ ထွန်းမင်း၊ အောင်တင်ဝင်း၊ သိန်းထွန်းအေးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၄ ဦးတို့အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန်အတွက် လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀(က)/၂၁ ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၌ ဒီဇင်ဘာ ၃၀ ရက်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။ယင်းအမှု ဖြစ်စဉ်များမှာ သြဂုတ်လတွင် မြောက်ဒဂုံမြို့နယ်၌ စိတ်ကြွဆေးပြား ၁၅ သိန်းခန့် ဖမ်းဆီးရမိသည့်ဖြစ်စဉ်၊ ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာအတွင်း နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြားနှစ်သန်း ဖမ်းဆီးရမိမှုနှင့် စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိမှု ဖြစ်စဉ်များဖြစ်ကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ သိရသည်။ယင်းအမှု ဖြစ်စဉ်များကို လာမည့် ဇန်နဝါရီ ၁၃ ရက် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်း ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။ထို့ပြင် မြောက်ပိုင်းခရိုင်အတွင်း မင်္ဂလာဒုံ မြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇ သိန်းအား စံချိန်တင် ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ရေလုပ်ငန်း လုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင် အပါအဝင် ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်) ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်နှင့် ထွတ်ပြေးလွတ်မြောက်နေသူ ၂၀ ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားရန်အတွက် လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀(က)/၂၁ ဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် စတင် တရားဆွဲခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့ စံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ Arakan bay ဆောက်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူ အချို့ ပါဝင်လျက် ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်မြို့ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်မှ ကျူးလွန်သူ ၁၁ ဦးအား အရှေ့ပိုင်းခရိုင် တရားရုံး၌ စတင် တရားစွဲဆို