နေပြည်တော် ပျဉ်းမနားမြို့ရှိ ချယ်ရီမေ ကာရာအိုကေဆိုင်တွင် ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်သည့် တရားခံများအား မည်သူဖြစ်သည်ကို သိရှိသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“အခုလောလောဆယ် တရားခံဖမ်းဆီးဖို့ ကြိုးစားတုန်းပဲ ရှိသေးတယ်။ တရားခံက ပြေးနေတယ်။ ဘယ်သူလဲဆိုတာတော့ သိတယ်။ အပေါင်းအပါတွေကို အကုန်လုံး သိတယ်။ ဖမ်းမိဖို့ လုပ်တုန်းပါ။ တစ်နိုင်ငံလုံး ရဲတပ်ဖွဲ့များကို ဒီဟာတွေကို ဖြန့်ထားပါတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်း သူတို့သွားနိုင်တဲ့ လမ်းတွေမှာ တောက်လျှောက် သူ့လမ်းကြောင်းနဲ့သူ လိုက်နေပါတယ်” ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိကြီးတစ်ဦး က ပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက် နံနက် ၁ နာရီ အချိန်ခန့်၌ နေပြည်တော် ပျဉ်းမနားမြို့ရှိ ချယ်ရီမေ ကာရာအိုကေဆိုင်တွင် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သုံးဦးအား လူရှစ်ဦးက ဓားဖြင့် ခုတ်၊ တုတ်ဖြင့် ရိုက်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ရဲအုပ်သုံးဦးမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရဲအုပ်များအား ဓားဖြင့်ခုတ်သည့် ရန်နောင်စိုးနှင့် ကျူးလွန်သူ ခုနစ်ဦးအား ပျဉ်းမနား မြို့မရဲစခန်းတွင် (ပ) ၅၉၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
လက်ရှိတွက် ဓားဖြင့်အခုတ်ခံရသည့် ရဲအုပ်များမှာ ဆေးရုံမှ ဆင်းလာပြီဖြစ်ပြီး ဆေးခွင့် ရယူထားကြောင်း၊ အဆိုပါ ရဲအုပ်များမှာ ရဲစည်းကမ်းဥပဒေဖောက်ဖျက်ခြင်း ရှိ မရှိကိုလည်း ခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေမှာ ရဲစည်းကမ်းဥပဒေဆိုတာ ရှိတယ်။ သူဟာ ဒီစည်းကမ်းဥပဒေကို ကျူးလွန်လား၊ တာဝန်နဲ့ သွားတာလား၊ တာဝန်မဲ့သွားတာလား စသဖြင့် ပေါ်လွင်အောင် စုံစမ်းစစ်ဆေးရေးခုံရုံးဆိုတာ လုပ်တယ်။ ခုံရုံးရဲ့ ထင်မြင်ယူဆချက်ပေါ် မူတည်ပြီး အရေးယူသင့်လား၊ အရေးမယူသင့်ဘူးလားဆိုတာ ဆက်လုပ်ရမှာပါ” ဟု အဆိုပါ အဆင်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
နေပြည်တော် ပျဉ်းမနားမြို့ ကာရာအိုကေဆိုင်တွင် ရဲအုပ်သုံးဦးအား လူရှစ်ဦးက ဓားဖြင့် ခုတ်သည့် တရားခံများအား မည်သူဖြစ်သည်ကို သိရှိသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး















