ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၇ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင်ကျပ် ၁၃၁၀ ဝန်းကျင်သို့ ဆက်လက်မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။ဒီဇင်ဘာ ၂၁ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၇ ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၃၁၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၇ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၂၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၂၂ ကျပ်ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၁၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၄၁၂ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ဒီဇင်ဘာတတိယပတ် ၁၄ ရက်နှင့် ၁၅ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၉၉ ကျပ်ရှိခဲ့သည်။ ၁၆ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၁၃၀၁ ကျပ်မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၄ ကျပ် ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ်အထိ ဆက်လက်တိုးမြှင့် သတ်မှတ်ထားသည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ ဒီဇင်ဘာ ၁၄ ရက်တွင် ရောင်းဈေး တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်၊ ဒီဇင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ရောင်းဈေး ၁၃၀၃ ကျပ်ဝန်းကျင်မှ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၆ ကျပ်ဝန်းကျင် ရှိခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၇ ကျပ် ဝန်းကျင်အထိ တစ်ပတ်အတွင်း ခုနစ်ကျပ်ဝန်းကျင် မြင့်တက်ခဲ့သည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာသတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ငါးလအကြာ ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၇ ကျပ်အထိ ၁၀၇ ကျပ်သို့ ဆက်လက်မြင့်တက်လျက်ရှိသည်။ဒီဇင်ဘာ ၂၁ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၀၇ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ လေးသန်းကို ရောင်းချခဲ့သည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၁၄ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၁ ကျပ်ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။
ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၃၀၇ ကျပ်ရှိနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၁၀ ဝန်းကျင်သို့ ဆက်လက်မြင့်တက်










