ဒီဇင်ဘာဟာ တဖြည်းဖြည်းနဲ့ ၂၀၁၅ ကို နှုတ်ဆက်တော့မယ်။ ပြောင်းလဲခြင်း များစွာနဲ့ ပရီးမီးယားလိဂ်ဟာလည်း အေးချမ်းလှတဲ့ ဆောင်းနဲ့အပြိုင် ရင်ခုန်မှုတွေ ပေးနေတယ်။ မော်ရင်ဟိုအလွန် ချယ်လ်ဆီး ၂၀၁၅ ကို ဘယ်လိုနှုတ်ဆက်မလဲ စိတ်ဝင်စားစရာပါ . . . . . . .
ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)
■ ဝက်စ်ဘရွန်း-ဘုန်းမောက် (၁၉-၁၂-၂၀၁၅ ည၉း၃၀)
နောက်ဆုံး(၄)ပွဲဆက် အာဆင်နယ်၊ ဝက်စ်ဟမ်း၊ စပါး၊ လီဗာပူးလ်တို့ကို ရှုံးပွဲမရှိကစားထားနိုင်တဲ့ ဝက်စ်ဘရွန်းအကောင်းဆုံးအနေအထားမှာရှိနေ ပါတယ်။ ဘုန်းမောက်ကလည်း ချယ်လ်ဆီးနဲ့ မန်ယူကို (၂)ပွဲဆက်နိုင်ခဲ့တယ်။ ဝက်စ်ဘရွန်း(၁-ဝ)ကိုကြိုက်တယ်။
■ စတုတ်စီးတီး-ခရစ္စတယ်ပဲလေ့စ် (၁၉-၁၂-၂၀၁၅ ည၉း၃၀)
တကယ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲပါ။ နှစ်သင်းစလုံးနောက်ဆုံး(၅)ပွဲမှာ (၃)ပွဲစီနိုင်ပြီး (၁၀)မှတ်စီယူထားကြပါတယ်။ ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ မန်စီးတီးတို့ကို နိုင်ထားတဲ့ စတုတ်စီးတီးကိုပိုကြိုက်တယ်။
■ အဲဗာတန်-လက်စတာ (၁၉-၁၂-၂၀၁၅ ည၉း၃၀)
ဒယ်လိုဖူ-လူကာကူကအတွဲမိတယ်။ တစ်ယောက်ကပုံမှန်ဖန်တီးနေပြီး တစ်ယောက်ကပုံမှန်ဂိုးတွေသွင်းနေတယ်။ ဒါပေမဲ့နှစ်ယောက်စလုံးက အဖြုန်းများတယ်။ လက်စတာက စုစည်းမှု၊ ကျစ်လျစ်မှုနဲ့ သွားနေတယ်။ အဲဗာတန်ခြေသာတာက သူတို့အတွက်အခက်အခဲမဟုတ်ဘူး။
လက်စတာမရှုံးနိုင်ဘူး။
■ မန်ယူ-နောဝစ်ချ် (၁၉-၁၂-၂၀၁၅ ည၉း၃၀)
ဒဏ်ရာပြဿနာကြောင့် ဗန်ဟားလ်ရဲ့ အသင်းကလူငယ်တွေကိုအားပြုပြီးတည်ထားရတယ်။အသင်းလိုက်နည်းဗျူဟာက တစ်ပွဲပြီးတစ်ပွဲထပ်နေတယ်။ အပြောင်းအလဲမရှိဘူး။ နည်းဗျူဟာကိုအကောင်အထည်ဖော်တဲ့အပိုင်းမှာ အားနည်းချက်ရှိတယ်။ အဆိုးဆုံးကလူမစုံတာပဲ။ ဒါကြောင့်အမှတ်တွေလျေ့ာတယ်။ နောဝစ်ချ်က သာမန်အဆင့်အသင်းတစ်သင်းပါ။ ဒါပေမဲ့ နောဝစ်ချ်ရဲ့အမြန်နှုန်းအားကိုလျေ့ာ
မတွက်သင့်သလို ဟူလာလန်၊ တက်တေးတို့ရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် မန်ယူနိုင်ရင်တောင် ဂိုးပြတ်ဖို့ခက်လိမ့်မယ်။
■ ချယ်လ်ဆီး-ဆန်းဒါးလန်း (၁၉-၁၂-၂၀၁၅ ည၉း၃၀)
ပြဿနာ တွေ၊ ဖိစီးမှုတွေနဲ့ ချယ်လ်ဆီးကိုယုံကြည်ဖို့ခက်တယ်။ အခုမော်ရင်ဟိုလည်းမရှိတော့ဘူး။ ဒီပွဲတော့ ပြန်လာနိုင်ပါပြီဆိုတာက မမြင်ရ တဲ့စိတ်ကူးဖြစ်ပြီး၊ တကယ်ဖြစ်နေတဲ့အပိုင်းက ဟာကွက်တွေ၊ အားနည်းချက်တွေ အရမ်းများလွန်းတယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်က အားရစရာမရှိသလို၊ အသင်းလိုက်ကစားဟန်ကလည်း တစ်ပွဲတည်းမှာကို ကောင်းလိုက်၊ ပျက်လိုက်နဲ့ အမျိုးမျိုးဖြစ်နေတယ်။ ချယ်လ်ဆီး အတွက်ခက်ခဲဦးမယ့်နိုင်ပွဲပါ၊ နိုင်ရင်လည်း ကပ်နိုင်လောက်ပဲဖြစ်မယ်။
■ ဆောက်သမ်တန်-စပါး (၁၉-၁၂-၂၀၁၅ ည၉း၃၀)
ဆောက်သမ်တန်က ပြိုင်ပွဲစုံမှာနိုင်ပွဲပျောက်တာ(၅)ပွဲရှိပြီ။ ခံစစ်မှာအားထားရတဲ့ ဗန်ဒိုက်မငြိမ်တော့ဘူး။ တိုက်စစ်ကအလုပ်သိပ်မဖြစ်တော့ဘူး။ စပါးကလည်းနောက်ဆုံး(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တယ်။ ဒါပေမဲ့ခြေသာတဲ့စပါးကိုပဲရွေးသင့်တယ်။
■ နယူးကာဆယ်-အက်စတွန်ဗီလာ (၁၉-၁၂-၂၀၁၅ ၁၂း၀၀)
ဗီလာကစားပုံကတော်တေ်ာညံ့ပါတယ်။ နယူးကာဆယ်က ရလဒ်ဆိုးတွေကရုန်းထွက်လာနေပါပြီ။ ကံသက်သက်မဟုတ်တာကိုလည်း တွေ့ရတယ်။ အိမ်ရှင်နိုင်မယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)
Most Read
Most Recent
13 hours ago
13 hours ago
13 hours ago
13 hours ago