ယခုနှစ်အတွင်း ရန်ကုန်လေဆိပ်သို့ ကိုယ်ပိုင်လေယာဉ် အစင်း၂၆၀ ဆင်းသက်ခဲ့ရာတွင် စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှု အများဆုံးဖြစ်

ယခုနှစ်အတွင်း ရန်ကုန်လေဆိပ်သို့ ကိုယ်ပိုင်လေယာဉ် အစင်း၂၆၀ ဆင်းသက်ခဲ့ရာတွင် စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှု အများဆုံးဖြစ်
Published 16 December 2015

ယခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ကိုယ်ပိုင်လေယာဉ် အစင်း ၂၆၀ ဆင်းသက်ခဲ့ရာတွင် စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်လေဆိပ်ရှိ နိုင်ငံတကာမှ ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များကိုသာ ဝန်ဆောင်မှုပေးသည့် Myanmar MJETS Business Aviation Centre ၌ တစ်နှစ်အတွင်း ဆင်းသက်ခဲ့သည့် ကိုယ်ပိုင်လေယာဉ်အစင်း ၂၆၀ တွင် စီးပွားရေးကိစ္စဖြင့် ဆင်းသက်သည့် လေယာဉ်ဆင်းသက်မှု ၁၂၅ ခေါက်၊ အလည်ပတ် ခရီးသွားလာရောက်သည့် လေယာဉ်ဆင်းသက်မှု ၇၅ခေါက်နှင့် လူနာတင်လေယာဉ် ဆင်းသက်မှု အခေါက် ၂၆၀ အသီးသီး ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“Myanmar MJETS ကို စဖွင့်ခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်ကစပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ထိ ကိုယ်ပိုင်လေယာဉ် အစီး ၂၆၀ ဆင်းသက် အသုံးပြုခဲ့ပါတယ်။ ဒီလေယာဉ်တွေထဲမှာ မြန်မာနိုင်ငံကိုလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေစီးလာတဲ့ ကိုယ်ပိုင်လေယာဉ်တွေ ပါဝင်သလို မြန်မာနိုင်ငံက လူနာကို လာရောက်ခေါ်ယူတဲ့ လူနာတင်လေယာဉ်တွေလည်း ပါဝင်တာ ဖြစ်ပါတယ်” ဟု Myanmar MJETS မှ Executive Chairman ဦးအုန်းမြင့်က ပြောကြားသည်။ 
 
Myanmar MJETS Business Aviation centre သည် ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသည်များ ရန်ကုန်လေဆိပ် အဆောက်အအုံအား အသုံးပြုရန် မလိုဘဲ အဆိုပါစင်တာ၌ပင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်လုပ်ငန်းစဉ်များ အပါအဝင် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တစ်ပါတည်းပြုလုပ်၍ သီးသန့်ထွက်ခွာနိုင်မည် ဖြစ်သည်။
 
Myanmar MJETS Business Aviation Centre အနေဖြင့် ကိုယ်ပိုင်လေယာဉ်ထားရှိ၍ စင်းလုံးငှားလေယာဉ်နှင့် လူနာတင်ယာဉ်ဝန်ဆောင်မှု (Air Charter & Air Ambulance) အား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကိုလည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။
 
Myanmar MJETS Business Aviation centre သည် နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် Joint Operation အနေဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး၊ မြန်မာ့လေကြောင်းမှ လေယာဉ်ရုံ အဆောက်အအုံအား ငှားရမ်း၍ (MMBAC) အဆောက်အုံအား တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။  ရွှန်းလဲ့ဝင်း
 
 
 
 

Most Read

Most Recent