၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် ကျပ်သန်းပေါင်း သိန်း ၆၀ ကျော်ရရှိရန် လျာထားပြီး ဖုန်းပြောဆိုမှုမှ ကောက်ခံရန် မူလလျာထားချက်တွင် ထည့်သွင်း လျာထားကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း တင်သွင်းစဉ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခွန်အကောက်များ ကောက်ခံရန်မူ လျာထားချက်အရ ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်မှ ကျပ်သန်း ၂၄၈-၅၅၁၀ ဒသမ ၀၅၆၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှု အပေါ်ကောက်ခံသည့် အခွန်အကောက် ဝင်ငွေခွန်မှ ကျပ်သန်း ၂၃၇၀၄၃၄ ဒသမ ၆၄၅၊ အကောက်ခွန်မှ ကျပ်သန်း ၄၇၅၀၀၀၊ နိုင်ငံပိုင် သယံဇာတများ ထုတ်ယူ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်မှ ကျပ်သန်း ၈၈၇၃၈၄ ဒသမ ၃၃၆ စုစုပေါင်း ကျပ်သန်း ၆၂၁၈၃၂၉ ဒသမ ၀၃၇ ရရှိရန် လျာထားကြောင်း သိရသည်။
ထိုသို့ ကောက်ခံရန် လျာထားသည့် အခွန်အကောက်များတွင် ဝန်ကြီးဌာန ၁၁ ခုက ကောက်ခံသည့် အခွန်အကောက် ၁၉ မျိုးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၆၂၁၈ ဒသမ ၃၂၉ ဘီလျံဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မူလလျာထားချက်ထက် ၂၆၉ ဒသမ ၉၅၄ ဘီလျံ ပိုမိုကောက်ခံရန် လျာထားကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။
အခွန်အကောက်အတွက် မူလလျာထားချက်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနက ကောက်ခံသည့် အခွန်အကောက် လေးမျိုးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ် ၄၆၆၈ ဒသမ ၀၇၄ ဘီလျံလျာထားပြီး ၂၀၁၅-၂၁၀၆ ဘဏ္ဍာနှစ် မူလလျာထားချက်ထက် ကျပ် ၁၄၅ ဒသမ ၃၆၄ ဘီလျံ ပိုမိုကောက်ခံရန် လျာထားကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ယခင်နှစ်က ဆိုင်းငံ့ထားခဲ့သည့် တယ်လီဖုန်း ပြောဆိုခအတွက် အခွန်ကောက်ခံရန် ငွေပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
“ယခုလျာထားချက်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရန် ဆိုင်းငံ့ထားခဲ့သော တယ်လီဖုန်းပြောဆိုခ၊ ကြိုတင်ငွေဖြည့်ကတ်အပေါ် ကျသင့်သည့် ကုန်သွယ် လုပ်ငန်းခွန်ကို ကောက်ခံရန် ကျပ်ဘီလျံ ၈၀ ခန့် လျာထားချက် ပါဝင်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံသည့် အခွန်များဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ်သန်း ၂၂၂၉၉၂၉ ဒသမ ၇၄၅၊ အောင်ဘာလေ သိန်းဆုခွန်အတွက် ကျပ်သန်း ၃၀၀၀၀၊ တံဆိပ်ခေါင်းခွန်အတွက် ကျပ်သန်း ၃၇၇၁၀၊ ဝင်ငွေခွန်အတွက်ကျပ် သန်း ၂၃၇၀၄၄၃၄ ဒသမ ၆၄၅၊ အကောက်ခွန်အတွက် ကျပ်သန်း ၄၇၅၀၀၀ လျာထားကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် ကျပ်သန်းပေါင်း သိန်း ၆၀ ကျော်လျာထားပြီး ဖုန်းပြောဆိုခအတွက် အခွန်ကောက်ခံရန် ထည့်သွင်းလျာထား















