လာမည့် ဘဏ္ဍာနှစ်မှစ၍ ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာ၀ ဓာတ်ငွေ့ အစရှိသည့် ကုန်စည်များကို ဈေးကွက် ပေါက်ဈေးအပေါ် အခွန်ကောက်ခံသွားမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် စီးကရက် တစ်လိပ်ချင်း၊ အရက် တစ်လီတာချင်းအလိုက် အခွန်ကောက်ခံမည့် အချက် ထည့်သွင်း

လာမည့် ဘဏ္ဍာနှစ်မှစ၍ ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာ၀ ဓာတ်ငွေ့ အစရှိသည့် ကုန်စည်များကို ဈေးကွက် ပေါက်ဈေးအပေါ် အခွန်ကောက်ခံသွားမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် စီးကရက် တစ်လိပ်ချင်း၊ အရက် တစ်လီတာချင်းအလိုက် အခွန်ကောက်ခံမည့် အချက် ထည့်သွင်း
Published 14 December 2015
ဖြိုးဝေ

လာမည့် ဘဏ္ဍာနှစ်မှစ၍ ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာ၀ ဓာတ်ငွေ့ အစရှိသည့် ကုန်စည်များကို ဈေးကွက် ပေါက်ဈေးအပေါ် အခွန်ကောက်ခံသွားမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် စီးကရက် တစ်လိပ်ချင်း၊ အရက် တစ်လီတာချင်းအလိုက် အခွန်ကောက်ခံမည့် အချက် ထည့်သွင်းထား
လာမည့် ၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်သစ်မှစ၍ ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာ၀ ဓာတ်ငွေ့ အစရှိသည့် ကုန်စည်များကို ဈေးကွက်ပေါက်ဈေး သို့မဟုတ် ပြည်တွင်း အခွန်များ ဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်မှ ခန့်မှန်း သတ်မှတ်သည့် ရောင်းဈေး တန်ဖိုးစသည့် တန်ဖိုး နှစ်ရပ်မှ များရာ တန်ဖိုးအပေါ်တွင် အခွန် ကောက်ခံသွားမည့် အထူး ကုန်စည်ခွန် ဥပဒေကြမ်းတွင် စီးကရက် တစ်လိပ်ချင်း၊ အရက် တစ်လီတာချင်းအလိုက် အခွန် ကောက်ခံသွားမည့် အချက်ကိုလည်း ထည့်သွင်း ဖော်ပြထားကြောင်း ဒီဇင်ဘာ ၁၃ ရက်နှင့် ဒီဇင်ဘာ ၁၄ ရက်တွင် ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ဖော်ပြခဲ့သည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။မြန်မာနိုင်ငံတွင် အထူး ကုန်စည်များအဖြစ် စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများ၊ ကွမ်းစားဆေး အမျိုးမျိုး၊ အရက် အမျိုးမျိုး၊ ဘီယာ အမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ ကျွန်း၊ သစ်မာသစ်လုံးနှင့် အခြေခံ အဆင့်သာ ခွဲစိတ်ထားသည့် သစ်ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ ၊ အချောထည်များနှင့်လက်ဝတ် ရတနာများ၊ Four Door Double Pickup မှအပ 1800 CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီနှင့် သဘာ၀ ဓာတ်ငွေ့ စသည့် ကုန်စည်များကို ကဏ္ဍ ၁၆ ခု ခွဲခြား၍ သတ်မှတ်ထားပြီး ဘဏ္ဍာနှစ်အလိုက် အခွန်နှုန်း သတ်မှတ် ကောက်ခံကြောင်း သိရသည်။၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်၍ နိုင်ငံ တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်စေမည့် အထူးကုန်စည် ဥပဒေကြမ်းတွင် အခန်းပေါင်း ၁၃ ခုနှင့် ပုဒ်မပေါင်း ၃၆ ခု သတ်မှတ်ထားသည်။အထူးကုန်စည်ခွန် ဥပဒေကြမ်း၏ ပုဒ်မ ၃၊ (ဂ) တွင် ဖော်ပြထားချက်အရ အထူးကုန်စည်များတွင် စီးကရက် တစ်လိပ်ချင်း၊ အရက် တစ်ပတ်ချင်းအလိုက် အခွန် ကောက်ခံမည့် အချက်ကို ထည့်သွင်းထားပြီး  စီးကရက် အမျိုးမျိုးတွင် အလိပ် ၂၀ ပါတစ်ဘူး၏ ရောင်းဈေး ကျပ် ၃၀၀ တွင် တစ်လိပ်ချင်းအလိုက် ကောက်ခံရမည့် အခွန်နှုန်း၊ ၃၀၁ ကျပ်မှ ကျပ် ၅၀၀ အထိဆိုပါက တစ်လိပ်ချင်းအပေါ် ကောက်ခံရမည့် အခွန်နှုန်း၊ ၅၀၁ ကျပ်မှ ကျပ် ၁၀၀၀ အထိ ဆိုပါက တစ်လိပ်ချင်းအလိုက် ကောက်ခံရမည့် အခွန်နှုန်း၊ ၁၀၀၁ ကျပ်မှ ကျပ် ၂၀၀၀ အထိ၊ ၂၀၀၁ ကျပ်မှ  ကျပ် ၃၀၀၀ အထိ ဆိုပါက တစ်လိပ်ချင်းအပေါ် ကျသင့်မည့် အခွန်နှုန်းများကို ဈေးကွက်ပေါက်ဈေး သို့မဟုတ် ပြည်တွင်း အခွန်များ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်မှ ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေးတန်ဖိုး စသည့်တန်ဖိုး နှစ်ရပ်မှ များရာတန်ဖိုးအပေါ်တွင် အခွန် ကောက်ခံသွားမည်ဖြစ်ပြီး စီးကရက် အလိပ် ၂၀ ပါ တစ်ဘူး၏ တန်ဖိုးသည် ၃၀၀၁ ကျပ်အထက် ဆိုပါက သတ်မှတ် ရာခိုင်နှုန်းအလိုက် အခွန် ပေးဆောင်ရမည်ဖြစ်ကာ ပြည်ပမှ တင်သွင်းသည့် စီးကရက် အမျိုးမျိုးကိုလည်း ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် အခွန်နှုန်း သတ်မှတ် ကောက်ခံသွားရမည် ဖြစ်သည်။အလားတူပင် အရက် အမျိုးမျိုးကိုလည်း တစ်လီတာတန်ဖိုး ကျပ် ၅၀၀မှ စတင်၍ အခွန်နှုန်း သတ်မှတ်ကောက်ခံမည်ဖြစ်ကာ ၅၀၁ ကျပ်မှ ကျပ် ၁၀၀၀ အထိ၊ ၁၀၀၁ ကျပ်မှ ကျပ် ၂၀၀၀ အထိ၊ ၂၀၀၁ ကျပ်မှ ကျပ် ၃၀၀၀ အထိ၊ ၃၀၀၁ ကျပ် မှ ကျပ် ၄၀၀၀ အထိ၊ ၄၀၀၁ ကျပ် မှ ကျပ် ၅၀၀၀ အထိ၊ ကျပ် ၅၀၀၁ မှ ကျပ် ၇၀၀၀ အထိနှင့် ကျပ် ၇၀၀၁ မှ ကျပ် ၁၀၀၀၀ အထိ ဆိုပါက တစ်လီတာချင်းအလိုက် အခွန် ကောက်ခံသွားမည်ဖြစ်ပြီး ကျပ် ၁၀၀၀၁ ကျပ် အထက် ဆိုပါက သတ်မှတ်ရာခိုင်နှုန်းအလိုက် အခွန် ပေးဆောင်ရမည်ဖြစ်ကာ ပြည်ပမှ တင်သွင်းသည့် အရက် အမျိုးမျိုးကိုလည်း ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် အခွန်နှုန်း သတ်မှတ် ကောက်ခံသွားရမည် ဖြစ်ကြောင်း  ဥပဒေကြမ်းတွင် ဖော်ပြထားသည်။အခွန်ထမ်းများ အနေနှင့် သက်ဆိုင်ရာ နှစ်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ပါက ဒဏ်ငွေကျပ် ငါးသိန်း၊ ဈေးကွက်ပေါက်ဈေး သတ်မှတ်ပေးနိုင်ရန်အတွက် ယင်းဥပဒေအရ တောင်းခံသည့် သတင်း အချက်အလက်များကို အချိန်မီ တင်သွင်းရန် ပျက်ကွက်ခြင်းအတွက် ကျပ်ငါးသိန်း၊ အခွန် မပေးဆောင်ရသေးသော အထူးကုန်စည်ကို ရယူပိုင်ဆိုင်ထားခြင်းအတွက် ကုန်စည်တန်ဖိုး၏  ရာခိုင်နှုန်း ၂၀ ကို ပေးဆောင်ရမည့်အပြင်ယင်းကုန်စည်များကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း၊ သတ်မှတ် ကာလအတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် ပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်း၊ ကြေညာလွှာ အချိန်မီ တင်သွင်းရန် ပျက်ကွက်ခြင်းအတွက် ပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်း၊ အခွန်တံဆိပ် အမှတ်ကပ်နှိပ် ရောင်းချစေရမည့် ကုန်စည်နှင့် စပ်လျဉ်း၍ အခွန်တံဆိပ် ကပ်နှိပ်ရန် ပျက်ကွက်ကြောင်း မြို့နယ် အခွန်ဦးစီးဌာနမှူးက စစ်ဆေး တွေ့ရှိပါက ယင်းသို့ ပျက်ကွက်ခြင်းအတွက် အထူးကုန်စည်တန်ဖိုး၏  ရာခိုင်နှုန်း ၅၀ ကို ပေးဆောင်ရမည် ဖြစ်ကြောင်း အထူးကုန်စည်ခွန် ဥပဒေကြမ်း၊ အခန်း ၁၀ ပြစ်မှုနှင့် ပြစ်ဒဏ်များပါ ပုဒ်မ ၂၁ ၏ ပုဒ်မခွဲများအရ သိရသည်။ထို့ပြင် ပုဒ်မ ၂၂ တွင် ပုဒ်မ ၂၁(က) အရ ထုတ်ဖော်ခွင့် ရရှိသူသည် တရားစွဲဆိုခံရပြီး ခွင့်ပြုထားသည့် ကာလအတွင်း ထုတ်ဖော်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် တိမ်းရှောင် ထိမ်ချန်ခဲ့သည့် အထူးကုန်စည် ပမာဏနှင့် သက်ဆိုင်သည့် အချက်အလက်များကို လျော့နည်း ထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Most Read

Most Recent