တစ်နှစ် သဘာဝဓာတ်ငွေ့ ဘီလျံ ၈၀၀ ကျူဗစ်မီတာ ထုတ်လုပ်နေသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေသန်း ၈၀၀ တင်ပို့နေပြီး မြန်မာနိုင်ငံအတွင်း သုံးစွဲရန် တစ်ရက်လျှင် ကုဗပေ သန်း ၂၀၀ ဖြန့်ဖြူးနေကာ ခွဲဝေမှု စာချုပ်သက်တမ်းမှာ...

တစ်နှစ် သဘာဝဓာတ်ငွေ့ ဘီလျံ ၈၀၀ ကျူဗစ်မီတာ ထုတ်လုပ်နေသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေသန်း ၈၀၀ တင်ပို့နေပြီး မြန်မာနိုင်ငံအတွင်း သုံးစွဲရန် တစ်ရက်လျှင် ကုဗပေ သန်း ၂၀၀ ဖြန့်ဖြူးနေကာ ခွဲဝေမှု စာချုပ်သက်တမ်းမှာ...
Published 13 December 2015
ဖြိုးဝေ

တစ်နှစ် သဘာဝဓာတ်ငွေ့ ဘီလျံ ၈၀၀ ကျူဗစ်မီတာ ထုတ်လုပ်နေသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေသန်း ၈၀၀ တင်ပို့နေပြီး မြန်မာနိုင်ငံအတွင်း သုံးစွဲရန် တစ်ရက်လျှင် ကုဗပေ သန်း ၂၀၀ ဖြန့်ဖြူးနေကာ ခွဲဝေမှု စာချုပ်သက်တမ်းမှာ ၂၀၂၀ အထိ ကျန်ရှိနေဟု ဆိုတစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ဘီလျံ ၈၀၀ ကျူဗစ်မီတာ ထုတ်လုပ်နေသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၈၀၀ တင်ပို့နေပြီး မြန်မာနိုင်ငံတွင်း သုံးစွဲရန် တစ်ရက်လျှင် ကုဗပေ သန်းပေါင်း ၂၀၀ ခွဲဝေပေးနေကာ အဆိုပါ ခွဲဝေမှု စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်အထိ ကျန်ရှိနေကြောင်း Total E&P Myanmar Co,Ltd General Manager Mr. Xavier Preel က ပြောကြားသည်။ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကို PTTEP၊ UNOCOL၊ Total၊ MOGE လေးခုမှ ပူးပေါင်းလုပ်ဆောင် နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းသည် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေသည့် စီမံကိန်းဖြစ်ကာ အနှစ် ၂၀ ခန့် လုပ်ကိုင်ခဲ့ပြီးဖြစ်သည့် စီမံကိန်းဖြစ်သည်။“ထိုင်းနိုင်ငံအတွက် တစ်ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၈၀၀ တင်ပို့နေပြီး မြန်မာနိုင်ငံအတွက် တစ်ရက်ကို ကုဗပေ သန်းပေါင်း ၂၀၀ ဆိုတော့ တစ်နှစ်ကို ဘီလျံ ၈၀၀ ကျူးဗစ်မီတာ ထုတ်လုပ်နေပါတယ်။ အဲဒီ ၂၀၀ က တွင်းတူးစင်ကနေ ကန်ပေါက်၊ မော်လမြိုင်ကနေ ရန်ကုန်ကိုပတ်ပြီး သွားတာက တစ်လိုင်းနဲ့ တွင်းတူးစင်ကနေ ရန်ကုန်ကို တိုက်ရိုက်သွားတာက တစ်လိုင်းနဲ့ ခွဲဝေပေးနေပါတယ်။ ဒီခွဲဝေမှု စာချုပ်က ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းရှိနေပါတယ်။ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ခွဲဝေပေးနေတဲ့ သဘာဝဓာတ်ငွေ့ကနေပြီးတော့ မြန်မာနိုင်ငံအတွင်း သုံးစွဲတဲ့ စွမ်းအင်လိုအပ်ချက်ရဲ့ ရာခိုင်နှုန်း ၅၀ ကို ဖြည့်ဆည်းပေးနေပြီး ကျန်တဲ့ ရာခိုင်နှုန်း ၅၀ ကိုတော့ ဇောတိကက ပေးတယ်။ ရွှေဓာတ်ငွေ့ပိုက်လိုင်းကနေ ပေးတယ်။ ပြီးတော့ ကုန်းတွင်းလုပ်ကွက်တွေကလည်း ရနေပါတယ်” ဟု Xavier က ဆိုသည်။မြန်မာနိုင်ငံတွင်  လျှပ်စစ်ဓာတ်အားကို အသုံးပြု လည်ပတ်ရသည့် စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်သစ်များ တိုးလာခြင်း၊ လူဦးရေ တိုးတက်လာခြင်း၊ ဖွံ့ဖြိုးလာသည့် နည်းပညာများအရ လျှပ်စစ်ဓာတ်အားကို မြို့ရွာကျေးလက်ပါမကျန် အသုံးပြုမှု မြင့်မားလာခြင်းတို့ကြောင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ရာခိုင်နှုန်း ၁၅ ခန့် တိုးတက်လာနေသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၄-၂၀၁၅ ခုနှစ်အထိ တည်ဆောက်ပြီးစီးခဲ့သော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကိုးရုံမှ စက်တပ်ဆင်အင်အား ၆၂၆ မဂ္ဂါဝပ်နှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၀ ရုံမှ စက်တပ်ဆင်အင်အား ၈၇၇ ဒသမ ၄၉၄ မဂ္ဂါဝပ်တို့ကို တိုးချဲ့တပ်ဆင်ခဲ့ရာ စုစုပေါင်း စက်တပ်ဆင်အင်အား ၁၅၇၇ ဒသမ ၄၉၄ မဂ္ဂါဝပ် တိုးတက်လာခဲ့သည်။အလားတူ ဓာတ်အားပို့လွှတ်ရေး အပိုင်းတွင် ဓာတ်အားပို့လွှတ်ရေးလိုင်း စုစုပေါင်း ၁၃၅၄ ဒသမ ၉၃ မိုင်နှင့် ဓာတ်အားခွဲရုံ တပ်ဆင်အင်အား ၁၄၅၄ အမ်ဗွီအေကို တိုးချဲ့တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း၊ ထို့ပြင် ဓာတ်အားဖြန့်ဖြူးရေး အပိုင်းတွင်လည်း မြို့ပေါင်း ၃၉၈ မြို့၊ ရွာပေါင်း ၂၉၃၀၄ ရွာနှင့် အိမ်ထောင်စုပေါင်း ၃ ဒသမ ၅ သန်းမှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၄၀၆ ဒသမ ၇၆ နှင့် တစ်ဦးချင်း သုံးစွဲမှု ပမာဏမှာ တစ်နှစ်လျှင် ၂၂၂ ကီလိုဝပ်နာရီအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်မီး သုံးစွဲမှု အခြေအနေကို လေ့လာကြည့်ပါက လက်ရှိအချိန်၌ ရေအားလျှပ်စစ် စီမံကိန်းများနှင့် သဘာဝဓာတ်ငွေ့မှ အမှန်တကယ် ဓာတ်အားထုတ်ယူ သုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၃၀၀၀ ကျော် ရှိနေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။အလားတူ နိုင်ငံတော် ဓာတ်အားအတွက် National Grid မှ ပေးနိုင်မှုမှာ ၃၃ ရာခိုင်နှုန်းခန့်သာ ရှိသေးပြီး မကြာမီ ကာလအတွင်း ရာခိုင်နှုန်း ၅၀ အထိ တိုးမြှင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျက် ရှိနေပြီး ကျေးလက်ဒေသများသို့ တိုးချဲ့ ဓာတ်အားပေးနိုင်ရေး အတွက်လည်း ထပ်မံ လိုအပ်လျက်ရှိကြောင်း သိရသည်။    

Most Read

Most Recent