နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဗာဒီနှင့် ရာနီရေးရီတို့ ဆွတ်ခူး

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဗာဒီနှင့် ရာနီရေးရီတို့ ဆွတ်ခူး
Published 11 December 2015
Photo: Daily Mail

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နိုဝင်ဘာလအတွက် အကောင်းဆုံးဆုများကို လက်စတာအသင်းမှ တိုက်စစ်မှူး ဗာဒီနှင့် နည်းပြ ရာနီရေးရီတို့ ရရှိခဲ့ကြောင်း သိရှိရသည်။လက်စတာအသင်းသည် နိုဝင်ဘာလတွင်လည်း နှစ်ပွဲနိုင်၊ တစ်ပွဲသရေဖြင့် ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည့်အတွက် နည်းပြရာနီရေးရီ အနေဖြင့် အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်းဖြစ်ပြီး ဗာဒီမှာမူ ပရီးမီးယားလိဂ် ပွဲဆက် ဂိုးသွင်းစံချိန်ကို ရယူနိုင်ခဲ့သည့်အတွက် အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။ထို့ပြင် ဗာဒီသည် ပြီးခဲ့သည့် အောက်တိုဘာအတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ခြင်းကြောင့် နှစ်လဆက် ရယူနိုင်သည့် (၅) ဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။ယခင်က နှစ်လဆက် ရယူနိုင်ခဲ့သည့် ကစားသမားများမှာ ရော်ဘီဖောင်လာ၊ ဘားကမ့်၊ စီရော်နယ်လ်ဒိုနှင့် ဟာရီကိန်းတို့ ဖြစ်သည်။ 

Most Read

Most Recent