နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းအား မန်ယူကမ်းလှမ်းသွားမည်

နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းအား မန်ယူကမ်းလှမ်းသွားမည်
Published 11 December 2015

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ပြင်ဆင်မှုများ ပြုလုပ်သွားမည့်မန်ယူအသင်း အနေဖြင့် ၎င်းတို့၏ ပထမဆုံးပစ်မှတ် ကစားသမားမှာ အဲဗာတန် နောက်ခံလူ ဂျွန်စတုန်းဖြစ်ကြောင်း သိရသည်။အစောပိုင်းလများက အသင်း၏ အဓိကလိုအပ်ချက်ဖြစ်သော တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှုများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဂျွန်စတုန်းကို နောက်ခံလူတစ်ဦး၏ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀)ဖြင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရသည်။Daily Star သတင်းစာ၏ ဖော်ပြချက်အရ မန်ယူအသင်းမှာ လာမည့်ဆောင်းရာသီ ဈေးကွက်တွင် အသင်း၏ လူအင်အားကို ဖြည့်တင်းသွားမည်ဖြစ်ပြီး အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂျွန်စတုန်းအား အရခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။ ဂျွန်စတုန်းအား ခေါ်ယူရန် မန်ယူအသင်းအပြင် ချယ်လ်ဆီး၊ ဘာစီလိုနာအသင်းတို့ကပါ စိတ်ဝင်စားနေပြီး ပြီးခဲ့သည့် နွေရာသ ီအပြောင်းအရွှေ့ ကာလတွင်လည်း ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် စတုန်းအားပေါင် (၃၈)သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။ထို့ကြောင့် မန်ယူအသင်းသည် စတုန်းအား လက်ဦးမှု ရယူနိုင်ရန်အတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးအဖြစ် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါ အပြောင်းအရွှေ့ ဖြစ်မြောက်လာပါက စတုန်းမှာ PSG နောက်ခံလူများဖြစ်သည့် ဒေးဗစ်လုဇ်၊ သီယာဂိုဆေးလ်ဗားတို့ကို ကျော်လွန်ကာ အသက် (၂၁) နှစ်အရွယ်ဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။မန်ယူအသင်းနည်းပြ ဗန်ဟားလ်မှာ မန်ယူအသင်းကို စတင်ကိုင်တွယ်သည့် ၂၀၁၄ မေလမှစတင်ကာ ပြီးခဲ့သည့် နွေရာသီအထိ ကစားသမားအသုံးစရိတ် ပေါင် သန်း(၃၀၀) ကျော်ရှိခဲ့သော်လည်း မန်ယူအသင်းမှာ ပြိုင်ပွဲများတွင် ထိုက်တန်သည့် စွမ်းဆောင်ရည် မပြနိုင်သောကြောင့် လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့တွင်လည်း ပေါင်သန်းရာကျော် အသုံးပြုကာ ဈေးကွက်သို့ ထပ်မံဝင်ရောက်ရန် ခြေလှမ်းပြင်နေခြင်းဖြစ်ကြောင်း သိရသည်။