မော်လမြိုင်မြို့မှ သုံးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည်ဟုဆိုသည့် တရားစွဲဆိုထားသူအား အာမခံပေးထားမှုမှာ မတရားကြောင်း မိသားစုဝင်များက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထိုသို့ လာရောက်ရှင်းလင်းရာတွင် ကျူးလွန်ခံရသူ သုံးနှစ် ရှစ်လအရွယ် မ.......၊ မိခင်ဖြစ်သူ မယဉ်ယဉ်ငြိမ်း၊ အဘိုးဖြစ်သူ ဦးငွေဘော်၊ အဘွားဖြစ်သူ ဒေါ်မြမြအေးနှင့် ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် မွန်ပြည်နယ်လုံးဆိုင်ရာ အမျိူးသမီးများနှင့် ကလေးသူငယ်များစွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်းဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးတို့ ပါဝင်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများအား ဖြေကြားပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ တကယ်အားကိုးရမှာက တရားရေးမဏ္ဍိုင်ပါ။ အမှုကို အမှန်အတိုင်း ပေါ်စေချင်တယ်။ ငွေနဲ့ပေါက်ပြီး ကလေးသူငယ်တွေကို လိုက်ဖျက်ဆီးနေတဲ့သူမျိုးတွေကို ထိထိရောက်ရောက် လုပ်ရမှာပါ။
အမှုမှန်ပေါ်ဖို့ကို ကူညီနိုင်တဲ့အဖွဲ့အစည်းတွေကို သိစေချင်ပါတယ်။ ကလေးမလေးရဲ့ မိသားစုကိုလည်း ကျူးလွန်သွားတဲ့သူက စွပ်စွဲတာ အစုံပါပဲ။ တကယ်တော့ ကလေးမလေးတွေရဲ့ မိသားစုက ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာပါ။ တစ်ရပ်ကွက်လုံး သိပါတယ်။ တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကျူးလွန်ထားတဲ့သူက လွတ်လွတ်ကင်းကင်း ဖြစ်နေတာ မဖြစ်သင့်ပါဘူး။
လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူတွေကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ရှိလာပါတယ်” ဟုကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အသင်းမှ ဒေါ်ခင်သန်းထွေး က ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ကျွန်မ စပြီး တိုင်ကြားတုန်းက ပုဒ်မ ၃၇၆ နဲ့ တိုင်တာပါ။ ဒါကို အမှုတိုင်ကြားတဲ့နေ့မှာပဲ စခန်းက ပုဒ်မ ၅၁၁ ကို ထပ်ထည့်တော့ ဒီအမှုက ကြံစည်မှုသဘောလိုမျိုး ဖြစ်နေတယ်။ ဒီအမှုမှာ တရားသူကြီးပဲ အားကိုးစရာရှိတာပါ။ အခုက တရားသူကြီးကို အားမကိုးရဘူးဆိုတော့ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပုဒ်မ ၅၁၁ ကို စခန်းမှူး က ကြံစည်မှုပဲဆိုပြီး ထည့်လိုက်တာပါ”ဟု ပြောကြားသည်။
ဖြစ်စဉ်မှာ ကာယကံရှင် သုံးနှစ် ရှစ်လအရွယ် မ.......သည် မော်လမြိုင်မြို့ အမှတ် (၂ ) နယ်မြေ ...လမ်းကြား ... ရက်ကွက်တွင် နေထိုင်ပြီး ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုထားသော ဦးမျိုးမြင့် အသက် (၇၀ နှစ်) မှာ နှစ်အိမ်ကျော်တွင် နေထိုင်ကြောင်း သိရသည်။ ဧပြီလအတွင်း မွန်းလွဲပိုင်းအချိန်တွင် အဘွားဖြစ်သူက မနက်တွင် ပဲပြုတ်ရောင်းရမည်ဖြစ်သဖြင့် ဘေးအိမ်ရှိ ဦးမျိုးမြင့်အိမ်သို့ ကလေးငယ်အား အပ်နှံထားခဲ့ကြောင်း မြေးဖြစ်သူမှာ မွန်းလွဲ ၂ နာရီတွင် အိမ်ပြန်လာပြီး မိန်းမကိုယ်မှ စပ်တယ်ဟုပြောသဖြင့် ကလေးငယ်၏ မိန်းမကိုယ်အား ရေးဆေးပေးခဲ့ရာ နာတယ်ဟု ပြောသောကြောင့် သေချာကြည့်ခဲ့ရာ ကလေးမိန်းမကိုယ်မှာ နီရဲရောင်ကိုင်း ပွန်းပဲ့ရာများတွေရသဖြင့် ကလေးအား မေးမြန်းခဲ့ကြောင်း၊ ကလေးငယ်မှ ၎င်းအား ဦးမျိုးမြင့် အသက် (၇၀ နှစ်) မှ နေအိမ်အတွင်း “နင့်ကို တုတ်နဲ့ထိုးမယ်၊ မငိုနဲ့ မုန့်ကျွေးမယ်။ သူများကြားသွားရင် မစားရဘူးဟုဆိုကာ ကလေးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်ထိုးခဲ့ကြောင်း၊ လက်သည်းဖြင့် ခြစ်မိသောကြောင့် ကလေးက နာသဖြင့်အော်ရာ အနောက်ဘက် စအိုထဲသို့ လက်ဖြင့် ထပ်မံထိုးခဲ့ကြောင်း၊ ကလေးက မခံမရပ်နိုင်ဖြစ်ကာ ဦးမျိုးမြင့်အား အနီးရှိ တုတ်ပိုင်းနှင့်ရိုက်ခဲ့ပြီး အိမ်သို့ပြေးလာခဲ့ကြောင်း သိရသည်။
ကလေးငယ်၏ အဖေနှင့် အမေသည် မြဝတီမြို့အနီးရှိ ဖလူးကျေးရွာတွင် အလုပ်ကြမ်းလုပ်ကိုင်နေသော ခြံသမားများဖြစ်ကြောင်း၊ အဘိုးဖြစ်သူမှာလည်း ထိုင်းနယ်စပ်တွင် သွားရောက်လုပ်ကိုင်နေကြောင်း အဘွားဖြစ်သူမှာ အဆိုပါကိစ္စနှင့် မလုပ်တတ်မကိုင်တတ်ကြောင်း ပတ်ဝန်းကျင်အား ရှက်၍ တိုင်ကြားခြင်းမပြုခဲ့ကြောင်း၊ မြဝတီမြို့နယ်ရှိ ကလေးငယ်၏ အမေဖြစ်သူအား ကလေးငယ်အား လာခေါ်ရန် အကြောင်းကြားခဲ့ကြောင်း၊ မေ ၅ ရက်တွင် အဘိုးမှာလည်း ထိုင်းနယ်စပ်မှ ပြန်လာကြောင်း၊ ကလေးငယ်၏ အမေကလည်း ဇွန် ၅ ရက်တွင် မော်လမြိုင်သို့ ပြန်လာခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ကလေးငယ်အား မိခင်ဖြစ်သူမှ ရေဆေးရာ နာတယ်ဟုပြောရာ အဘိုးဖြစ်သူက ဘာဖြစ်တာလဲဟုမေးရာ နေအိမ်ဘေးမှ ဦးမျိုးမြင့်ဆိုသူက ပြုလုပ်သည့်ဖြစ်စဉ်အား ပြောပြခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်း နှင့် မုပွန်နယ်မြေရဲစခန်းသို့ ဇွန် ၈ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကလေးငယ်၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။
တရားစွဲဆိုခံရသူ ဦးမျိုးမြင့်အား မော်လမြိုင်တရားရုံးတွင် ဇူလိုင် ၁၆ ရက်က စတင်ရုံးထုတ်ခဲ့ပြီး စစ်ဆေးမှုမရှိခဲ့ဘဲ ဇူလိုင် ၂၇ သို့ ပြန်လည်ချိန်းဆိုရာတွင်လည်း စစ်ဆေးမှုမရှိခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက်၌ ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဘက်မှ ရှေ့နေမပါဘဲ တရားခံအား တစ်ဖက်သတ် ကြားနာစစ်ဆေးပြီး ထောင်ဆရာဝန်ဘက်မှ ယူလာသည့်ဆေးစာဖြင့်တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။
ထိုအချိန်မှစပြီး ဒီဇင်ဘာ ၃ ရက်အထိ ရုံးချိန်းမှာ (၁၅) ကြိမ်ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ အာမခံဖြင့် လွှတ်ထားသော ဦးမျိုးမြင့်အား စွဲချက်တင်သင့် မတင်သင့်မှာ အငြင်းပွားလျက်ရှိကြောင်း သိရသည်။
တရားစွဲဆိုခံရသူ ဦးမျိုးမြင့်အား အာမခံပေးရခြင်းမှာ ထောင်ဆေးစာ ပူးတွဲပါရှိပြီး ရုံးရှေ့သို့ ရဲနှစ်ဦးမှတွဲ၍ တင်ပို့နေရခြင်း၊ ခြေထောက် ဖောရောင်နေခြင်းတို့ကြောင့် ပြင်ပတွင် လွတ်လပ်စွာ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပြစ်မှုကျင့်သုံးပုဒ်မ ၄၉၇(၁) အရ ငွေကျပ်သိန်း ၅၀ တန် ခံဝန်သူနှစ်ဦးနှင့် အကျဉ်းထောင်ဆေးရုံ၏ ထောက်ခံချက်အရ အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီး ဦးသန်းအောင်၏ ဖြေကြားချက်အရ သိရသည်။
ယခုအမှု၏ နောက်တစ်ကြိမ် ရုံးချိန်းမှာ ဒီဇင်ဘာ ၁၅ ရက်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့မှ သုံးနှစ် ရှစ်လအရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သည်ဟုဆိုကာ တရားစွဲဆိုထားသူအား အာမခံပေးခြင်းမှာ မတရားကြောင်း ကလေးငယ်၏ မိသားစုဝင်များက ရန်ကုန်မြို့တွင် လာရောက်ရှင်းလင်း















