ပြည်တွင်းအခြေစိုက် ကမ္ဘောဇအုပ်စုနှင့် စင်ကာပူအခြေစိုက် Sterling Coleman Securities ကုမ္ပဏီတို့ ပူးပေါင်းထားသည့် Kanbawza Sterling Securities ကုမ္ပဏီကို ဝန်ဆောင်မှုလိုင်စင် Underwriter လိုင်စင်အား ပထမဆုံး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက် ရန်ကုန် စတော့အိတ်ချိန်း ဖွင့်ပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးမည့် Underwriter လိုင်စင်အတွက် ကုမ္ပဏီ ၁၀ ခု စကာတင် ရွေးချယ်ထားပြီး ယင်းတို့ အနက်မှ အဆိုပါ Kanbawza Sterling Securities ကုမ္ပဏီကို ပထမဆုံး လိုင်စင်ပေးအပ်ခဲ့ကာ မ,တည်ရင်းနှီးငွေနှင့် ICT ပြင်ဆင်မှု အပြည့်စုံဆုံး ကုမ္ပဏီများကိုသာ လိုင်စင်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ယင်းဝန်ဆောင်မှုပေးမည့် Underwriter လိုင်စင်ဆိုသည်မှာ စတော့ရှယ်ယာ ရောင်းချမည့် ကုမ္ပဏီများကို ရှယ်ယာဈေးနှုန်း သတ်မှတ်ခြင်း၊ ရောင်းသူ၊ ဝယ်သူများကြားတွင် ဝန်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။“စတော့အိတ်ချိန်းအတွက် ဝန်ဆောင်မှု ကုမ္ပဏီ အမျိုးအစား လေးမျိုးမှာ Underwriter လိုင်စင်က ပိုအရေးကြီးတယ်။ သူတို့က ICT နည်းပညာနဲ့ ပတ်သက်ပြီး ပိုရင်းနှီးမြှုပ်နှံထားရတဲ့အတွက် သူတို့ကို အရင်ပေးတာဖြစ်တယ်။ နောက်ပြီး ရှယ်ယာရောင်းမယ်ဆိုရင် ရှယ်ယာတန်ဖိုးကို စာရင်းဝင် ကုမ္ပဏီနဲ့ ဒီကုမ္ပဏီက သတ်မှတ်ရတာ ဖြစ်တဲ့အတွက် အရေးကြီးတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့် လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး တစ်ဆင့်ခံ ရှယ်ယာများ ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင် တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ်ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။“ကျွန်တော်တို့က အခုလက်ရှိမှာ စာရင်းဝင်ကုမ္ပဏီ ခြောက်ခုလုံးနဲ့ ညှိနှိုင်းနေတယ်။ စင်ကာပူအခြေစိုက် ကုမ္ပဏီက နည်းပညာပေးတယ်။ ကျွန်တော်တို့ ပူးပေါင်းမယ့် စာရင်းဝင် ကုမ္ပဏီနဲ့ ညှိနှိုင်းလို့ သူတို့ သဘောတူရင် ရှယ်ယာဈေးနှုန်း သတ်မှတ်ပြီး ရောင်းနိုင်မယ်။ ရှယ်ယာဝယ်မယ့်သူတွေ အနေနဲ့ ကိုယ်ကြိုက်တဲ့ ကုမ္ပဏီမှာ ဝယ်လိုရမယ်” ဟု ကမ္ဘောဇအုပ်စု၏ Senior Managing Director ဦးညိုမြင့်က ပြောကြားသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် First Myanmar Investment၊ First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank၊ Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co.,Ltd၊ Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဇ အုပ်စုနှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီတို့ ပူးပေါင်း တည်ထောင်ထားသည့် Kanbawza Sterling Securities ကုမ္ပဏီကို စတော့အိတ်ချိန်း ဝန်ဆောင်မှု Underwriter လိုင်စင် ပထမဆုံး ပေးအပ်ထား










