မလေးရှားအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီ Axiata ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော ဆက်သွယ်ရေး တာဝါဆောက်လုပ်မှု လုပ်ငန်း edocto သည် မြန်မာတာဝါ ကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို သန်း ၁၈၀ ဝန်းကျင်ဖြင့် အပြီးသတ် ဝယ်ယူလိုက်ကြောင်း သိရသည်။မြန်မာ တာဝါကုမ္ပဏီကို ဆက်သွယ်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျမေကာ အခြေစိုက် Digicel ဆက်သွယ်ရေးကုမ္ပဏီနှင့် ရိုးမအုပ်စုက ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဆက် သွယ်ရေး တာဝါတိုင် တည်ဆောင်ခြင်း လုပ်ငန်းတွင် ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်၊ ဆက်သွယ်ရေး ကုမ္ပဏီတန်ကြေး ဒေါ်လာ ၂၂၁ သန်းရှိကြောင်း၊ ရိုးမအုပ်စုက ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း သိရသည်။“ဒီလို အရေးပါပြီး ဗျူဟာကျတဲ့ ဝယ်ယူမှုက edotco ရဲ့ အနေအထားကို ပိုမိုဖွံ့ ဖြိုးတိုးတက်လာတဲ့ အရှေ့တောင်အာရှဒေသမှာ ဆက်သွယ်ရေးကဏ္ဍရဲ့ ထိပ်တန်း တည်ဆောက်သူ တစ်ဦးဖြစ်လာစေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကဏ္ဍမှာ ကျွန်တော်တို့ edotco အနေနဲ့ လုပ်ငန်း လည်ပတ်ဆောင်ရွက်တဲ့နေရာမှာ မြန်ဆန်ထိရောက်မှုနဲ့ အရင်းအနှီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ အကောင်းဆုံး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု edotco ၏အမှုဆောင်အရာရှိချုပ် Suresh Sidh က ပြောကြားသည်။edotco ကို မလေးရှားအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Axiata က ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာရှဒေသအတွင်း စီမံကိန်းနေရာ မျှဝေအသုံးပြုခြင်း၊ တည်ဆောက် ငှားရမ်းခြင်း၊ စွမ်းအင်ထုတ်လွှတ်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်း ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း၊ မလေးရှား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် နိုင်ငံများတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ကျော် ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း လည်း သိရသည်။Axiata သည် မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး မလေးရှားနိုင်ငံတွင် မိုဘိုင်းကွန်ယက် ဝန်ဆောင်မှုအား Celcom အမည်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် XL ၊ သီရိလင်္ကာနိုင်ငံတွင် ီငေူသါ၊ ဘင်္ဂလားဒေ့ရှ်တွင် Dialog၊ ကမ္ဘောဒီးယားတွငSmart၊ အိန္ဒိယတွင် Idea နှင့် စင်ကာပူတွင် M1 အမည်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။မြန်မာတာဝါကုမ္ပဏီတွင် ၂၅ ရာခိုင်နှုန်း ဆက်လက်ပိုင်ဆိုင်ထားသည့် ရိုးမအုပ်စု CEO Mr. Nelvyn Pun ကလည်း သီးခြား ထုတ်ပြန်ချက်တွင်“ edotco ရဲ့ ပြိုင်ဘက်ကင်း ဒေသတွင်း အတွေ့အကြုံတွေက မြန်မာတာဝါ ဆက်လက် ကြီးထွားဖို့အတွက် အထောက်အပံ့ ဖြစ်စေမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ဆက်လက်၍ ၎င်းက“အခု လုပ်ငန်းသဘောတူညီချက်ဟာ ရိုးမအုပ်စုအတွက် စီးပွားရေးအရ အကျိုးအမြတ်တွေ ရလိုက်သလို လျင်လျင်မြန်မြန် တိုးတက်နေတဲ့ ဆက်သွယ်ရေး တာဝါဆောက်လုပ်ရေး ကဏ္ဍမှာ ထပ်မံ ရင်းနှီးမြှုပ်နှံခွင့်လည်း ရရှိ ထားပါတယ်။ ရိုးမအုပ်စုကို အရောင်းအဝယ် တန်ကြေး ဒေါ်လာသန်း ၄၀ ဒသမ ၂၅ ရဖို့ အာမခံချက် ရရှိခဲ့တဲ့အတွက်လည်း ရင်းနှီးမြှုပ်နှံမှုကနေ ရတဲ့အကျိုးအမြတ်က ဆွဲဆောင်မှုရှိခဲ့ပါတယ်”ဟု ပြောကြားသည်။
မလေးရှားအခြေစိုက် ဆက်သွယ်ရေး တာဝါဆောက်လုပ်မှုလုပ်ငန်း edocto က မြန်မာတာဝါကုမ္ပဏီ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၈၀ ဝန်းကျင်ဖြင့် အပြီးသတ်ဝယ်ယူလိုက်ကြောင်း သိရ















