ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၅ ခုနှစ် FIFA Ballon d’Or ဆုအတွက် နောက်ဆုံး ဆန်ခါတင် စာရင်းများကို ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် မက်ဆီ၊ စီရော်နယ်လ်ဒိုနှင့် နေမာတို့ ပြိုင်ဆိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။
FIFA Ballon d’Or ဆုအတွက် ပဏာမ (၂၃)ဦး စာရင်းကို ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ နောက်ဆုံး ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုဆန်ခါတင်စာရင်းမှာ အကောင်းဆုံး ဘောလုံးသမားဆုအတွက် (၃)ဦး၊ အကောင်းဆုံး နည်းပြဆု (အမျိုးသား၊ အမျိုးသမီး) အတွက် (၃) ဦးစီ၊ အကောင်းဆုံး အမျိုးသမီးဆုအတွက် (၃) ဦး ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ဆန်ခါတင်စာရင်းတွင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် နေမာ၊ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့ ပါဝင်လာခဲ့ပြီး ဘာစီလိုနာ အသင်း၏ ဖလား(၃)လုံးအောင်ပွဲ၌ အဓိက စွမ်းဆောင်ပေးခဲ့သူ မက်ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည်။အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင် (၃) ဦး စာရင်းတွင် အင်းနရစ်(ဘာစီလိုနာ)၊ ဂွါဒီယိုလာ (ဘိုင်ယန်မြူးနစ်)၊ ဆမ်ပါအိုလီ( ချီလီ လက်ရွေးစင်အသင်း) တို့ ပါဝင်လာခဲ့ပြီး ဘာစီလိုနာ နည်းပြ အင်းနရစ်ကပင် ရေပန်းအစားဆုံး ဖြစ်နေသည်။ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၆၊ ဇန်နဝါရီ (၁၁)တွင် ကျင်းပသွားမည် ဖြစ်သည်။
FIFA Ballon d’Or ဆုအတွက် နောက်ဆုံး ဆန်ခါတင်(၃)ဦး စာရင်း ထွက်ပေါ်လာခဲ့ပြီး မက်ဆီ ရေပန်းအစားဆုံးဖြစ်နေ