ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ အနာဂတ်ဆိုင်ရာ အမြင်များကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက လက်ဖက်ရည်ဆိုင်တွင် လေ့လာမေးမြန်း

ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ အနာဂတ်ဆိုင်ရာ အမြင်များကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက လက်ဖက်ရည်ဆိုင်တွင် လေ့လာမေးမြန်း
Published 24 November 2015
ထက်ရှိုင်း

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ်သည် သုခစည်းဇိမ် လက်ဖက်ရည်ဆိုင်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ၏ အနာဂတ်ဆိုင်ရာ အမြင်များကို လာရောက် စားသောက်ကြသူများထံမှ လေ့လာမေးမြန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။လက်ရှိအစိုးရ အနေနှင့် အစိုးရအသစ်ကို အေးချမ်းစွာ အာဏာလွှဲပေးရန် မျှော်လင့်ကြောင်းနှင့် အစိုးရသစ် လက်ထက်တွင် အမေရိကန်နှင့် မြန်မာဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ရန် မျှော်လင့်ကြောင်း လက်ဖက်ရည်ဆိုင်တွင် လာရောက် စားသောက်ကြသူများက လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရပ်ဆယ်လ်အား ပြောကြားခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ်သည် နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။၎င်းအနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရထိပ်ပိုင်း တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် နိုင်ငံတွင်းရှိ ပါဝင်ပတ်သက်သူများ အားလုံးကို နိုဝင်ဘာ ၈ ရက်၌ သမိုင်းဝင်ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်အတွက် တွေ့ဆုံချီးကျူး ဂုဏ်ပြုရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent