မြန်မာနိုင်ငံရှိ ကုမ္ပဏီများ လုပ်ငန်း ဆက်လက်လုပ်ကိုင်မည် ဆိုပါက လာရောက် အကြောင်းကြားရန်နှင့် အကြောင်းမကြားပါက အရေးယူမည်ဟု DICA က ထုတ်ပြန်ထားသော်လည်း အေးရှားဝေါလ်၊ ဧဒင်အုပ်စု အစရှိသည့် ပြည်တွင်းပြည်ပရှိ နာမည်ကျော် ကုမ္ပဏီကြီးများ လာရောက်ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီ ၂၀၀၀၀ ကျော် စာရင်းတွင် ပါဝင်နေမြန်မာနိုင်ငံ အတွင်းရှိ ကုမ္ပဏီများ အနေနှင့် လုပ်ငန်းဆက်လက် လုပ်ကိုင်မည် ဆိုပါက မှတ်ပုံတင်သက်တမ်း ကျန်ရှိသည် ဖြစ်စေ၊ ကုန်ဆုံးသည် ဖြစ်စေ လာရောက် အကြောင်းကြားရန်နှင့် အကြောင်းမကြားပါက ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်အထိ ဆက်သွယ်လာမှု မရှိသည့် ကုမ္ပဏီများ စာရင်းတွင် ပြည်တွင်းပြည်ပရှိ နာမည်ကျော် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ ဆက်သွယ်မှု မရှိပါက ဖျက်သိမ်းခံရသည့်အထိ အရေးယူခံရမည့် ပြည်တွင်းပြည်ပ လုပ်ငန်းကြီးများတွင် နာမည်ကျော် လုပ်ငန်းရှင် ဦးချစ်ခိုင် ပိုင်ဆိုင်သည့် ဧဒင်အုပ်စု ကုမ္ပဏီလီမိတက်၊ ဝါဝါ၀င်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ အေးရှားဝေါလ် ကုမ္ပဏီလီမိတက်၊ အောင်သိန်းသန်း ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ကုမ္ပဏီ လီမိတက်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ ဒိုင်းမွန်းစတား အင်တာနေရှင်နယ် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ ဇေကမ္ဘာ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် အစရှိသည့် ကုမ္ပဏီများ ပါဝင်ခဲ့သည်။လက်ရှိ ထုတ်ပြန်သည့် စာရင်းများအရ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂၀၀၀ ကျော် စာရင်းတွင် မြန်မာကုမ္ပဏီပေါင်း ၂၀၁၆၅ ခုအထိ ရှိနေပြီး ကဏ္ဍစုံမှ ကုမ္ပဏီ လုပ်ငန်းစုံမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ သတင်းပေးပို့ရမည့် နောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၁၆ ရက်အထိ ဆက်သွယ်ရန် ပျက်ကွက်နေသည်။ထို့ပြင် ပြည်ပ ကုမ္ပဏီများနှင့် နိုင်ငံခြား ဘဏ်ရုံးခွဲများ စာရင်းတွင် Bank of Tokyo၊ State Bank of India၊ Bank of Ayudhyu Public Co,Ltd၊ Alliance for Microfinance In Myanmar Ltd၊ China Construction Engineering Group၊ Hi-Tech Pacific Pte Ltd၊ China Railway Construction Engineering Myanmar Co,Ltd၊ Italian-Thai Development Co,Ltd၊ Myanmar Red Dot Network Ltd အစရှိသည့် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း လေးသောင်းခွဲခန့် မှတ်ပုံတင်ထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီပေါင်း ၁၅၀၀၀ ခန့်သာ အမြတ်ပြ အခွန်ဆောင်ခဲ့ကာ အချို့သော ကုမ္ပဏီများမှာ လိပ်စာလိမ်လည်ကာ အမှန်တကယ် အခွန်ထမ်းဆောင်ခြင်း မရှိဘဲ အခွန်ရှောင်နေသည့် ကုမ္ပဏီ အများအပြား ရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ ကုမ္ပဏီများ လုပ်ငန်း ဆက်လက်လုပ်ကိုင်မည် ဆိုပါက လာရောက် အကြောင်းကြားရန်နှင့် အကြောင်းမကြားပါက အရေးယူမည်ဟု DICA က ထုတ်ပြန်ထားသော်လည်း အေးရှားဝေါလ်၊ ဧဒင်အုပ်စု အစရှိသည့် ပြည်တွင်းပြည်ပရှိ ...










