ခြေစွမ်းပိုင်း၊ စုဖွဲ့မှုပိုင်းမှာ မန်စီးတီး အပြတ်သာပြီး နည်းပြနဲ့ အသင်းအစဉ်အလာပိုင်းမှာ လီဗာပူးလ် အပြတ်သာတယ်

ခြေစွမ်းပိုင်း၊ စုဖွဲ့မှုပိုင်းမှာ မန်စီးတီး အပြတ်သာပြီး နည်းပြနဲ့ အသင်းအစဉ်အလာပိုင်းမှာ လီဗာပူးလ် အပြတ်သာတယ်
Published 21 November 2015

မန်စီးတီးက ဒီတစ်ပတ်မှာ လီဗာပူးလ်အသင်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံကစားရမှာပါ။ မန်စီးတီးအသင်းဟာ ဒီရာသီ အိမ်ကွင်း ခြောက်ပွဲမှာ ငါးပွဲနိုင်ခဲ့ပြီး အိမ်ကွင်း အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ လူစာရင်း စုဖွဲ့မှုအရလည်း အင်အား အကြီးဆုံးလို့ ဆိုနိုင်ပြီး အဂွဲရိုး၊ ဒေးဗစ်ဆေးလ်ဗားတို့ ဒဏ်ရာ ရနေချိန်မှာတောင် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ အစဉ်အလာပိုင်းမှာတော့ ယာဂန်ကလော့ပ်နဲ့ ပယ်လီဂရီနီတို့ ဒေါ့မွန်နဲ့ မာလာဂါ နည်းပြဘဝမှာ နှစ်ကြိမ်ဆုံတွေ့ခဲ့ပြီး ယာဂန်ကလော့ပ်က တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။ အသင်းသမိုင်းကြောင်းအရလည်း လီဗာပူးလ်နဲ့ တွေ့ဆုံမှုတွေမှာ မန်စီးတီး ၂၆ ရာခိုင်နှုန်းသာ အနိုင်ရပြီး လီဗာပူးလ်က မန်စီးတီးအတွက် အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်နေပါတယ် . . .
■ဝက်ဖို့ဒ် နှင့် မန်ယူ
(၂၁-၁၁-၂၀၁၅ စနေ ည ရး၁၅)
နောက်ဆုံးတွေ့ဆုံမှု ► ဝက်ဖို့ဒ် ၁-၂ မန်ယူ
မန်ယူတိုက်စစ်မှာ မာရှယ်လ် မကစား နိုင်ရင် ဂိုးရဖို့ ပြန်ရုန်းကန်ရနိုင်တယ်။ ဒါပေမဲ့  အစဉ်အလာအရတော့ ဝက်ဖို့ဒ်က မန်ယူကို ယှဉ်နိုင်လေ့ မရှိပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ကိုးပွဲတွေ့ဆုံမှုမှာ ဝက်ဖို့ဒ် ပွဲတိုင်းရှုံးခဲ့တယ်။ မန်ယူခံစစ်ပိုင်းကလည်း ၅၅၅ မိနစ် ပေးဂိုးမရှိ ကစားထားလို့ ဂိုးရတာနဲ့ နိုင်ဖို့များတယ်။ မန်ယူ ကပ်နိုင်သွားမှာပါ။
■ဝက်စ်ဘရွန်း နှင့် အာဆင်နယ်
(၂၁-၁၁-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ► ဝက်စ်ဘရွန်း ဝ-၁ အာဆင်နယ်
ဝက်စ်ဘရွန်း ခြေကျလာပြီး အသင်း အမှီပြု ကစားတဲ့ ခံစစ်ပိုင်းကလည်း ယိုင်လာတယ်။ အာဆင်နယ်ကလည်း ရမ်ဆေး ဒဏ်ရာရပြီး ညာအခြမ်း အားနည်းသွားလို့ ပုံစံကောင်းရနေတဲ့ အရှိန် ပျက်သွားတယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းက ပရီးမီးယားလိဂ်မှာတွေ့တိုင်း အာဆင်နယ် ဂိုးသွင်းနိုင်တဲ့ တစ်သင်းတည်းသော အသင်းပါ။ အာဆင်နယ် အနိုင် သေချာတယ်။
■အဲဗာတန် နှင့် အက်စတွန်ဗီလာ
(၂၁-၁၁-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ►အဲဗာတန် ၃-၀ ဗီလာ
ဗီလာက နည်းပြသစ် ရီမီဂါဒီ လက်ထက် ပွဲဦးထွက်မှာ မန်စီးတီးကို သရေကစားနိုင်လို့ ယုံကြည်မှု မြင့်တက်လာပါတယ်။ အဲဗာတန်ကတော့ ဖန်တီးမှု ကောင်းတဲ့ ဒယ်လိုဖူနဲ့ အဆုံးသတ် ကောင်းတဲ့ လူကာကူတို့ကြောင့် ဂိုးရဖို့ မပူပင်ရပါဘူး။ ဒါပေမဲ့ ခံစစ်ပိုင်းမှာ အမှားများနေပါတယ်။ အဲဗာတန် နိုင်ဖို့များပေမယ့် ရလဒ်ပြတ်သားဖို့ မလွယ်ပါဘူး။
■ဆွမ်ဆီး နှင့် ဘုန်းမောက်
(၂၁-၁၁-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု ► မရှိ
ဆွမ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး အိမ်ကွင်းမှာလည်း လေးပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဘုန်းမောက်လည်း လေးပွဲဆက်ရှုံးပြီ ဒီလေးပွဲ မှာ ၁၃ ဂိုးအထိ ဂိုးပေးခဲ့ရပါတယ်။ နှစ်သင်းစလုံး ဖိအားများနေတာမှန်ပေမယ့် ဆွမ်ဆီးနည်းပြ ဂယ်ရီမန့်ခ်က ပိုပါတယ်။ ဆွမ်ဆီး နိုင်ပွဲရှာမှာပါ။      
■နယူးကာဆယ် နှင့် လက်စတာ
(၂၁-၁၁-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ►နယူးကာဆယ် ၁-၀ လက်စတာ
လက်ရှိခြေစွမ်းပိုင်းမှာ လက်စတာက အပြတ်အသတ် သာပါတယ်။ လက်စတာက ထိပ်ဆုံးနေရာကိုတောင် မျှော်မှန်းနိုင်တဲ့ အသင်းဖြစ်နေပြီး နယူးကာဆယ်ကတော့ တန်းဆင်းဇုန်ပေါ်မှာ မေးတင်နေပါတယ်။ ဒါပေမဲ့ နယူးကာဆယ်က လက်စတာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲမှာ တစ်ပွဲပဲ ရှုံးခဲ့တယ်။ သရေကျဖို့များပါတယ်။   
■ချယ်လ်ဆီး နှင့် နောဝစ်ချ်
(၂၁-၁၁-၂၀၁၅ စနေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု ►ချယ်လ်ဆီး ဝ-၀ နောဝစ်ချ်
သုံးပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီး ဒီပွဲမှာ မဖြစ်မနေ အနိုင်ပြန်ရှာပါလိမ့်မယ်။ ချယ်လ်ဆီးက နောဝစ်ချ်ကို ၁၉၉၄ နောက်ပိုင်းမှာ ၁၁ ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ နောဝစ်ချ်ကလည်း နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ချယ်လ်ဆီးတိုက်စစ်  ဂိုးရဖို့ ရုန်းကန်နေရလို့ ဂိုးပြတ်ဖို့ မသေချာပေ မယ့် အနိုင်သေချာပါတယ်။  
■ဆောက်သမ်တန် နှင့် စတုတ်စီးတီး
(၂၁-၁၁-၂၀၁၅ စနေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ►ဆောက်သမ်တန် ၁-၀ စတုတ်
ခြေတက်နေတဲ့ နှစ်သင်း တွေ့ဆုံတာ ဖြစ်လို့ အကြိတ်အနယ်ရှိမှာပါ။ ဆောက်သမ်တန်က နောက်ဆုံး ခြောက်ပွဲဆက် ရှုံးပွဲမရှိ ကစားထားသလို၊ စတုတ်စီးတီးကလည်း နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါ တယ်။ ဒီနှစ်သင်း နောက်ဆုံးခြောက်ပွဲ တွေ့ဆုံမှုမှာ သရေ လေးပွဲ ဖြစ်ခဲ့တဲ့အတိုင်း ဒီပွဲလည်း သရေပဲဖြစ်ဖို့များတယ်။  
■မန်စီးတီး နှင့် လီဗာပူးလ်
(၂၁-၁၁-၂၀၁၅ စနေ ည ၁၂း၀၀)
ယမန်နှစ်ရလဒ်  ►မန်စီးတီး ၃-၁ လီဗာပူးလ်
မန်စီးတီးက လီဗာပူးလ်နဲ့ တွေ့တဲ့ပွဲတွေမှာ ရုန်းကန်ရတဲ့ မှတ်တမ်းတွေရှိပါတယ်။ ဒါ ပေမဲ့ အိမ်ကွင်းမှာတော့ နောက်ဆုံး နှစ်နှစ်ဆက် အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ယာဂန်ကလော့ပ်က ကိုယ့်ထက်အင်အားကြီးတဲ့ အသင်းတွေကို ခံကန်ရုံမက လှန်နိုင်စွမ်းပါရှိကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့တယ်။ လီဗာပူးလ် သရေရနိုင်ပါတယ်။
■စပါး နှင့် ဝက်စ်ဟမ်း
(၂၂-၁၁-၁၅ တနင်္ဂနွေ ည ၁၀း၃၀)
ယမန်နှစ်ရလဒ် ► စပါး ၂-၂ ဝက်စ်ဟမ်း
စပါးက ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် အမှားအယွင်းမရှိ ချီတက်နိုင်ခဲ့ပါ တယ်။ ဝက်စ်ဟမ်းက အပေါ်အသင်းတွေနဲ့ တွေ့ရင် ခြေစွာနိုင်ခဲ့တယ်။ ဒါပေမဲ့ ပါယက် ဒဏ်ရာရသွားလို့ သိပ်မမျှော်လင့်ချင်တော့ ဘူး။ ပါယက်က ဝက်စ်ဟမ်း သွင်းဂိုးတွေရဲ့ ၃၅ ရာခိုင်နှုန်းမှာ ပါဝင်ပတ်သက်ခဲ့သူပါ။ ဒါကြောင့် စပါးကိုပဲ ရွေးချယ်လိုက်တယ်။
■ခရစ္စတယ်ပဲလေ့စ် နှင့် ဆန်းဒါးလန်း
(၂၄-၁၁-၂၀၁၅ အင်္ဂါ နံနက် ၂း၃၀)
ယမန်နှစ်ရလဒ် ►ပဲလေ့စ် ၁-၃ ဆန်းဒါးလန်း
မန်ယူကို သရေ၊ လီဗာပူးလ်ကို အနိုင်ကစားခဲ့တဲ့ ပဲလေ့စ် စိတ်ဓာတ်ပိုင်း အရမ်းကောင်းနေတယ်။ ဆန်းဒါးလန်းကတော့ အဝေးကွင်း အားနည်းလွန်းတယ်။ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ပွဲ ၂၀ မှာ နှစ်ပွဲပဲ အနိုင်ရခဲ့တယ်။ ရာသီအစပိုင်းက ခြေစွမ်းမျိုး ပြန်ရနေတဲ့ ပဲလေ့စ် ဆန်းဒါးလန်းကို မနိုင်စရာ မရှိပါဘူး။