ပိုက်လိုင်းစတင်ပြီး နှစ်နှစ်အတွင်း ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၀၀ ဘီလျံ ဝန်းကျင် တင်သွင်းခဲ့ကြောင်း CNPC ၏ လက်အောက်ခံ ကုမ္ပဏီ Petro China ၏ နှစ်ဝက်နှင့် နှစ်ပတ်လည် အစီရင်ခံစာများအရ သိရသည်။
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားသည့် တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြီးစီးချိန်၂၀၁၃ ခုနှစ် ဇွန်မှစ၍ နှစ်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅ ဒသမ ၆၂၅ ဘီလျံ ( ကုဗပေ ၁၉၈ ဒသမ ၆၄၅ ဘီလျံ) တင်သွင်းမှု ရှိခဲ့ကြောင်း လက်အောက်ခံ ကုမ္ပဏီ Petro China ၏ ခြောက်လတစ်ကြိမ် ထုတ်ပြန်သည့် နှစ်ဝက်အစီရင်ခံစာ၊ နှစ်ပတ်လည် အစီရင်ခံစာများအရ သိရသည်။
Petro China ၏ ၂၀၁၃ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ ကုဗမီတာ ၄၀၉ သန်း (ကုဗပေ ၁၄ ဒသမ ၄၄ ဘီလျံ) တင်သွင်းမှုရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃ ဒသမ ၂၂၆ ဘီလျံ (ကုဗပေ ၁၁၃ ဒသမ ၉၃ဘီလျံ) တင်သွင်းမှု ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင် ကုဗမီတာ ၁ ဒသမ ၉၉ ဘီလျံ (ကုဗပေ ၇၀ ဘီလျံ) ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရခိုင်ကမ်းလွန်ရှိ ရွှေသဘာ၀ ဓာတ်ငွေ့သိုက်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်မြို့အထိ ကီလိုမီတာ ၇၉၃ မီတာ ရှည်လျားသည်ဟု သိရသော မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ၂၀၁၃ ခုနှစ် ဇွန်လတွင် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု စတင်ခဲ့ပြီး တစ်နှစ်လျှင် ကုဗပေ ၁၂ ဘီလျံအထိ ပို့လွှတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
Petro China ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ ဆက်တိုက် တိုးတက်လာနေခဲ့သည်။ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသည့် သဘာ၀ ဓာတ်ငွေ့ကုဗမီတာ ၁ ဒသမ ၉၉ ဘီလျံ (ကုဗ ပေ ၇၀ ဘီလျံ) ကျော်တင်သွင်းခဲ့ကြောင်း တရုတ်စွမ်းအင်ကုမ္ပဏီ ၂၀၁၅ ခုနှစ် ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသဖြင့် ယခုနှစ် ကုန်ချိန်တွင် Petro China အနေဖြင့် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှာ ကုဗမီတာ လေးဘီလျံ ဝန်းကျင်သို့ ရောက်ရှိလာဖွယ်ရှိသည်။
၂၀၁၅ ခုနှစ်ပထမနှစ်ဝက်တွင် Petro China ၏ ဓာတ်ငွေ့တင်သွင်းမှုအနေဖြင့် အာရှအရှေ့ အလယ်ပိုင်းမှ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၅၁၆ ဒသမ ၄၇၇ ဘီလျံ တင်သွင်းမှုရှိခဲ့ကြောင်း၊ LNG ကုဗမီတာ ၃ ဒသမ ၂၅ ဘီလျံနှင့် မြန်မာနိုင်ငံမှ ကုဗမီတာ ၁ ဒသမ ၉၉ ဘီလျံ (ကုဗပေ ၇၀ ဘီလျံ) တင်သွင်းမှုရှိခဲ့ကြောင်း Petro China ကုမ္ပဏီ အစီရင်ခံစာများ၌ ဖော်ပြချက်များအရ သိရသည်။
မြန်မာနိုင်ငံနှင့် အရှေ့အလယ်ပိုင်းမှ သဘာဝဓာတ်ငွေ့ တင်သွင်းခဲ့ရာတွင် Petro China အနေဖြင့် အရှုံးပေါ်ခဲ့ကြောင်းလည်း အဆိုပါအစီရင်ခံစာများအရ သိရပြီး မြန်မာနိုင်ငံမှ တင်သွင်းရာတွင် တစ်ကုဗမီတာလျှင် တစ်ယွမ်ခန့် (၁၅၀ ကျပ်) အရှုံးပေါ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄၀၉ သန်း တင်သွင်း ရောင်းချမှုမှ ယွမ် ၄၂၀ သန်း အရှုံးပေါ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃ ဒသမ ၃၃၆ တင်သွင်းမှုမှ ယွမ် ၃ ဒသမ ၄၆၅ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် နှစ်ဝက်တွင် ကုဗမီတာ ၁ ဒသမ ၉၉ ဘီလျံ တင်သွင်းမှုမှ ယွမ် ၁ဒသမ ၇၃၈ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း Petro China ကုမ္ပဏီ အစီရင်ခံစာများ၌ ဖော်ပြချက်များအရ သိရသည်။
ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ ပိုက်လိုင်း စတင်ပြီး နှစ်နှစ်အတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ ဘီလျံ ၂၀၀ ဝန်းကျင် တင်သွင်းခဲ့ကြောင်း Petro China အစီရင်ခံစာတွင် ဖော်ပြ










