ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မန္တလေးမြို့၌ ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ် ၁၆၄ လုံးနှင့် အခန်းပေါင်း ၆၆၇၂ ခန်းရှိခဲ့ပြီး လာမည့် ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် နောက်ထပ် တည်ဆောက်ရန် အဆိုပြုထားသော ဟိုတယ်များ ထပ်ပေါင်းပါက ဟိုတယ်အလုံး၂၀၀ နှင့် အခန်းပေါင်း ၁၀၀၀၀ ကျော် ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားသည့် မန္တလေးမြို့သို့၂၀၁၁ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည်များ တည်းခိုရန် ဟိုတယ် ၇၆ လုံးရှိခဲ့ရာ လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဟိုတယ် အလုံး၂၀၀ ရှိလာမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၂၀၀၀၀ကို နေ့စဉ် လက်ခံနိုင်မည် ဖြစ်ပြီး ဧည့်သည်ပေါင်း နှစ်သန်းခွဲကို သုံးညအိပ် လည်ပတ် တည်းခိုနိုင်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် မန္တလေးမြို့သို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ နှစ်သိန်းခွဲခန့်သာ ဝင်ရောက်ခဲ့ပြီး၊လက်ရှိနှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလကုန်အထိ ခရီးသွား ဧည့်သည်နှစ်သိန်း ဝင်ရောက်ခဲ့ပြီးဖြစ်သဖြင့် ၂၀၁၅ခုနှစ်အကုန်တွင် သုံးသိန်းကျော် ရှိလာမည် ဖြစ်သောကြောင့် ယခင်နှစ်ထက် ခရီးသွားဝင်ရောက် တိုးတက်မှု ရာခိုင်နှုန်းမှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိလာမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဝင်ရောက်မှုပမာဏသည် တစ်နိုင်ငံလုံး၏ ကမ္ဘာလှည့်ခ ရီးသည် အဝင် ၄ ဒ သမ ၅သန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းပင် ပြည်မီခြင်းမရှိဘဲ မြန်မာနိုင်ငံ၏ အထင်ကရ မြို့တစ်မြို့အနေဖြင့် ယင်းပမာဏမှာ အလွန်ပင် နည်းပါးနေသေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်တွင် မန္တလေးမြို့သို့ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၂၄၂၅၆၆ ဦးဝင်ရောက်ခဲ့ပြီး ပြည်တွင်းခရီးသွား ၄၀၇၆၄၇ ဦး လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး ဆွေးနွေးပွဲများနှင့် ခရီးသွားပြပွဲများ ပြုလုပ်ရန်လိုအပ်ပြီး တိုးတက် များပြားလာသော ဧည့်သည်ဦးရေနှင့် ဟိုတယ်များအတွက် လိုအပ်သော လျှပ်စစ်မီး၊ ရေ၊ လောင်စာနှင့် သွားလာရ လွယ်ကူစေရန် သယ်ယူပို့ဆောင်ရေးစနစ်များလည်း ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့၌ ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ် ၁၆၄ လုံးနှင့် အခန်းပေါင်း ၆၆၇၂ ခန်းရှိခဲ့ပြီး၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဟိုတယ်အလုံး၂၀၀ ရှိလာမည်ဖြစ်ရာ နေ့စဉ် ခရီးသွား နှစ်သောင်း တည်းခိုနိုင်မည်ဟု ဆို










