လုံခြုံရေး တင်းကျပ်ရန် ပရီးမီးယားလိဂ် အသင်းများကို အာဏာပိုင်များ ညွှန်ကြားထား

လုံခြုံရေး တင်းကျပ်ရန် ပရီးမီးယားလိဂ် အသင်းများကို အာဏာပိုင်များ ညွှန်ကြားထား
Published 19 November 2015

လာမည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် အကြမ်းဖက် အန္တရာယ်နှင့် မရင်ဆိုင်ရရန်အတွက် လုံခြုံရေး တင်းကျပ်ရန် ပရီးမီးယားလိဂ် အသင်းများကို အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။ပရီးမီးယားလိဂ် တာဝန်ရှိသူများ၊ လုံခြုံရေး အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရ အာဏာပိုင်များသည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အစီအမံများ ပြုလုပ်ရန် ညွှန်ကြားထားသည်။ကွင်းဝင်ပေါက်ဂိတ်များတွင် လုံခြုံရေးတိုးမြင့်ကာ ရှာဖွေမှုများ ပိုမိုပြုလုပ်ရန်လည်း ညွှန်ကြားထားပြီး လာရောက်အားပေးမည့် ပရိသတ်များ အနေဖြင့် စောစီးစွာ လာရောက်ရန်နှင့် ပွဲမစတင်မီတွင် ကွင်းအတွင်းသို့ ပရိသတ်များအားလုံး ဝင်ရောက်ရမည်ဖြစ်သည်။မနက်ဖြန် ကြာသပတေးနေ့တွင်လည်း ပရီးမီးယားလိဂ် အသင်းများထံသို့ နောက်ထပ် လုံခြုံရေးဆိုင်ရာ ညွှန်ကြားမှုများ ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent