ယနေ့အချိန်ထိ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပြီးဆုံးသွားချိန်တွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်

ယနေ့အချိန်ထိ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပြီးဆုံးသွားချိန်တွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်
Published 11 November 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ကို တွေ့ဆုံဆွေးနွေးရန် တောင်းခံမှုှနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော်သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ယင်းသတင်းထုတ်ပြန်ချက်တွင် အချက်လေးချက်ပါရှိပြီး ပထမအချက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရေးထိုးပြီး တွေ့ဆုံခွင့်တောင်းသည့် စာအား လက်ခံရရှိပါကြောင်းနှင့် ဒုတိယအချက်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မိသားစုများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက စည်းကမ်းစနစ်ကျစွာဖြင့် မဲပေးခဲ့ခြင်းအား များစွာဂုဏ်ပြုပါကြောင်းတို့ကို ဖော်ပြထားသည်။ထို့အတူ တတိယအချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ယနေ့အချိန်ထိ ထုတ်ပြန်ခဲ့သည့် ရလဒ်များအရ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစု ရရှိနေမှုအပေါ် ဂုဏ်ပြုပါကြောင်းနှင့် စတုတ္ထအချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ကို တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားစာ ပေးပို့ခဲ့ရာ ပြည်ထောင်စုလွှတ်တော်နယကနှင့် သမ္မတတို့မှ အသီးသီး အကြောင်းပြန်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှာ နောက်ဆုံးအကြောင်းပြန်ခြင်း ဖြစ်သည်။

Most Read

Most Recent