ဖီဖာဥက္ကဋ္ဌ ရွေးကောက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုထားသူ (၄)ဦးရှိနေ

ဖီဖာဥက္ကဋ္ဌ ရွေးကောက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတည်ပြုထားသူ (၄)ဦးရှိနေ
Published 23 October 2015

လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ရန် အတည်ပြုထားသူ (၄)ဦးရှိနေကြောင်း သိရှိရသည်။ဖီဖာတွင် ပြဿနာများ ရှိနေခြင်းကြောင့် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ကျင်းပမည့်ရက် နောက်ဆုတ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အထူးအစည်းအဝေး ပြုလုပ်ပြီးနောက် မူလအတိုင်း ဖေဖော်ဝါရီ (၂၆) တွင်သာ ကျင်းပသွားမည်ဖြစ်သည်။အဆိုပါ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်နေရသည့် ဥက္ကဋ္ဌ ပလာတီနီ၊ ဂျော်ဒန်မင်းသား အလီ၊ ထရီနီဒက် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်နာကစ်တို့နှင့်အတူ ဖီဖာအမှုဆောင်ဟောင်း ချန်ပိန်းကလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပြီးခဲ့သည့် သောကြာနေ့က အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။ချန်ပိန်းက အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်နေသည့် အချိန်ဖြစ်သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လိုအပ်သည့် ထောက်ခံမှုများ ရရှိထားကြောင်းလည်း ဆိုခဲ့သည်။ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် သူများသည် အောက်တိုဘာ (၂၆) နောက်ဆုံးထား၍ စာရင်း တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။