၂၀၁၇ မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ အားကစားအဖွဲ့များ ယခုနှစ်မကုန်မီ လေ့ကျင့်မည်ဖြစ်ပြီး အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပရန် စီစဉ်ထား

၂၀၁၇ မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ အားကစားအဖွဲ့များ ယခုနှစ်မကုန်မီ လေ့ကျင့်မည်ဖြစ်ပြီး အားကစားနည်း ၃၉ မျိုး ထည့်သွင်း ကျင်းပရန် စီစဉ်ထား
Published 19 October 2015

မြန်မာ အားကစားအဖွဲ့များသည် (၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် ယခုနှစ်မကုန်မီ စခန်းဝင် လေ့ကျင့်မှုများ စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် မလေးရှား နိုင်ငံသည် အားကစားနည်း ၃၉ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း၌ ကျင်းပသွားမည် ဖြစ်သည်။
မြန်မာအားကစားအဖွဲ့များသည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် နိုဝင်ဘာ နောက်ဆုံးပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် စတင် ပြင်ဆင်မည်ဖြစ်ပြီး အားကစား အဖွဲ့ချုပ်များ အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်လိုခြင်း ဆန္ဒရှိ၊ မရှိကိုလည်း မေးမြန်းထားကြောင်း သိရသည်။ အားကစားဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယခုလအတွင်း ဝင်ရောက် ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ အကြောင်းပြန် ရမည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့များ သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ ၈၀ ကျော်ဖြင့် နိုင်ငံအလိုက် ဒုတိယ နေရာရရှိခဲ့သော်လည်း ပြီးခဲ့သည့် (၂၈) ကြိမ်မြောက်  ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ ၁၂ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၁ ခုဖြင့် နိုင်ငံအလိုက် အဆင့် ခုနစ် နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ မြန်မာ အားကစားအဖွဲ့များသည် ရိုးရာလှေပြိုင်ပွဲမှ ရွှေဆုများစွာ မျှော်မှန်းခဲ့သော်လည်း ထိုင်းနိုင်ငံက မထင်မှတ်ဘဲ ကျော်ဖြတ်ခဲ့သောကြောင့် ရွှေဆုရရှိမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။ လာမည့် မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် လှေလှော်ပြိုင်ပွဲ ထည့်သွင်း ကျင်းပမည် မဟုတ်ကြောင်း သိရသည်။
ထည့်သွင်းကျင်းပမည့် အားကစားနည်းများ
 ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ ကြက်တောင်၊ စက် ဘီး၊ ကာယဗလ၊ Netball၊ ဘတ်စကက်ဘော၊ ဘိလိယက်/စနူကာ၊ ဘောလုံး၊ ဘော်လီဘော၊ မြင်းစီး၊ ကျွမ်းဘား၊ ဂေါ့ဖ်၊ ရေခဲပြင်ဟော်ကီ၊ မြက်ခင်းပြင် ဟော်ကီ၊ ကရာတေးဒို၊ ခရစ်ကတ်၊ ဓားရေး၊ Lawn bowls၊ ရေခဲပြင်စကိတ်၊ မြားပစ်၊ သေနတ်ပစ်၊ ရွက်လှေ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ စားပွဲတင်တင်းနစ်၊ ပိုလို၊ ရပ်ဘီ၊ ပိုက်ကျော်ခြင်း၊ Water skiing၊ Squash၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘိုးလင်း၊ လက်ဝှေ့၊  သုံးမျိုးစုံ၊ ဝူရှူး၊ ဂျူဒိ