မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်၍ ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ပြောင်းလဲခန့်အပ်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်၍ ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ပြောင်းလဲခန့်အပ်
Published 17 October 2015

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ၎င်း၏နေရာတွင် ယူ-၁၉ နည်းပြ ဂတ်ဖရိုင်းဒရစ်အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရှိရသည်။
MFF သည် အေဗရာမိုဗစ်ကို လစာ(၃)လစာပေး၍ စာချုပ်ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးနည်းပြဖြစ်သူကိုလည်း လစာ(၂)စာပေး၍ စာချုပ်ဖျက်သိမ်းလိုက်ကြောင်း MFF ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။
ဂျာမန်နည်းပြဂတ်ဖရိုင်းဒရစ်သည် မြန်မာ့လက်ရွေးစင်အသင်းကို အောက်တိုဘာ(၁၇)ရက် ယနေ့မှစတင်၍ တာဝန်ယူကိုင်တွယ်သွားရမည်ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ်မူ ဦးကြည်လွင်ကပင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ထို့ပြင် ကြံ့ခိုင်ရေးနည်းပြတစ်ဦးကိုလည်း အမြန်ဆုံးခန့်အပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ကူဝိတ်ဘောလုံးအသင်း၏ ပွဲပယ်ပြစ်ဒဏ်ကြောင့် အခြေအနေပြန်ကောင်းလာသည့်အတွက် MFF အနေဖြင့် ယခုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။