မြန်မာ ယူ-၂၀ အမျိုးသမီး အသင်းသည် လာမည့် နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ဗီယက်နမ် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ရန် အောက်တိုဘာ ၈ ရက် (ယနေ့) တွင် လေ့ကျင့်မှုများ စတင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းကို ပဏာမ ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြအဖွဲ့က ကိုင်တွယ်သွားမည်ဖြစ်သည်။
ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းတွင် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲဝင်ခဲ့သည့် လက်ရွေးစင် အမျိုးသမီးအသင်းမှ ကစားသမား ခုနစ်ဦးအထိ ပါဝင်လာခဲ့ပြီး ယူ-၁၉ အသင်းနှင့် ကလပ်အသင်းတို့မှ ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲဝင်ခဲ့သည့် လက်ရွေးစင် အမျိုးသမီးအသင်းမှ ဝင်းသိင်္ဂီထွန်း၊ မေသူကျော်၊ လှယဉ်ဝင်း၊ ရူပါခိုင်၊ မေစံပယ်ဖူး၊ ခင်သန်းဝေနှင့် ခင်သီတာအေး (ဂိုး) တို့ ပါဝင်လာပြီး လူငယ်ကစားသမားများ အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် စေလွှတ် ယှဉ်ပြိုင်ခြင်းလည်းဖြစ်သည်။ ယင်းပြိုင်ပွဲကို လာမည့် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ် အပါအဝင် အသင်းလေးသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာလူငယ် အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် တစ်လနီးပါး ရရှိမည်ဖြစ်ပြီး အတွေ့အကြုံ ရရှိရေးကိုသာ အဓိက ဦးစားပေး ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ် အမျိုးသမီးလက်ရွေးစင်အသင်း
အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး၊ နည်းစနစ်အကြံပေး - ဦးအေးမောင်ကြီး၊ နည်းပြချုပ် - ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ - ဒေါ်စန်းစန်းသိန်း၊ ဂိုးနည်းပြ - ဦးကိုကိုအောင်၊ ဂိုး - သန္တာဦး၊ မေဇင်နွယ်၊ ခင်သီ တာအေး၊ နောက် - ခင်သန်းဝေ၊ ငယ်ငယ်ထွေး၊ ဇင် မာထွန်း၊ ချစ်ချစ်၊ ငုဝါသဲ၊ လဲ့လဲ့လှိုင်၊ ခင်ပြည့်လင်း၊ အေးအေးမိုး၊ ခင်ဇာဇာဝင်း၊ ခင်မာကြည်၊ လယ် - ရူပါ ခိုင်၊ မေစံပယ်ဖူး၊ အိရတနာဖြိုး၊ ခင်မိုမိုထွန်း၊ အေးမျိုး မြတ်၊ သင်းသင်းယု၊ ဖြူနှင်းသွယ်၊ ရှေ့ - ဝင်းသိင်္ဂီထွန်း၊ မေသူကျော်၊ လှယဉ်ဝင်း၊ နီလာဝင်း၊ ဂျူလိုင်ကျော်
ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးအသင်း ယနေ့ စတင်လေ့ကျင့်မည်၊ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာလူငယ် အမျိုးသမီးအသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း