ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်

ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်
Published 7 October 2015
အငယ်ထွေး၊ နီလာ

ယခင် ဘဏ္ဍာနှစ်များတွင် ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းနှင့် ခြောက်ရာခိုင်နှုန်းကြားတွင် ရှိခဲ့သော မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor အရ သိရသည်။မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ပျမ်းမျှအားဖြင့် ငါးနှင့် ခြောက်ရာခိုင်နှုန်းကြားသာ ခန့်မှန်းခဲ့ရာမှ ပြီးခဲ့သည့် သတ်မှတ်ကာလအတွင်း (Double Digit) ဖြစ်သွားခဲ့သည်မှာ စိုးရိမ်စရာလည်းဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရှိရသည်။ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်တွင်မူ ပြီးခဲ့သည့် ဇူလိုင်၊ သြဂုတ်တွင် ဖြစ်ပေါ်လာခဲ့သော ရေကြီးရေလျှံမှုများနှင့် ချိတ်ဆက်ဖော်ပြထားပြီး အလားတူ စီးပွားရေး တိုးတက်မှုနှုန်းလည်း ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။“ကမ္ဘာ့ဘဏ်တို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး သာသာထိုးထိုး ပြောခဲ့တာတွေ ရှိပါတယ်။ IMF ဆိုလို့ရှိရင် ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို ၈ ဒသမ ၃ ရာခိုင်နှုန်းလောက် ဖြစ်လာမယ်လို့ ခန့်မှန်းခဲ့တာတောင် ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာက ဘာလို့လဲဆိုတော့ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်တဲ့ ကိစ္စပဲ။ ဒါကလည်း ဗဟိုဘဏ်တစ်ခုတည်း ရပ်တည်ဖြေရှင်းလို့ မရတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ တကယ်တော့ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကို ကြည့်မယ်ဆိုရင် Exchange Rate ကလည်း တကယ့် Indicator ဖြစ်နေတယ်။ စီးပွားရေး ကောင်းမယ်ဆိုရင်Exchange Rate က Stable ဖြစ်မယ်။ ဒါက အရေးကြီးပါတယ်။ အခုက ခဏခဏ ပြင်တာတွေ ပြောင်းတာတွေ ဖြစ်နေပါတယ်” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောကြားသည်။ယင်းကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းသည် သွင်းကုန်တင်သွင်းမှု မြင့်တက်နေရာမှ ဒေါ်လာဈေးပါ မြင့်တက်လာပြီး ယခုကဲ့သို့ ငွေကြေးဖောင်းပွမှု ဖြစ်နေခြင်းလည်း ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့်အတူ မြန်မာ့ငွေကြေး ခိုင်မာမှုလည်း ကျဆင်းလာကြောင်း သိရသည်။အာဆီယံ နိုင်ငံများထဲတွင် မြန်မာငွေကြေးသည် လက်ရှိအချိန်၌ ဒေသတွင်း ငွေကြေးများနှင့် လဲလှယ်ရန်ပင် အခက်အခဲ ရှိနေသေးကြောင်း၊ မြန်မာငွေကြေးခိုင်မာမှု မရှိသည့်အတွက် အခြားငွေကြေးများနှင့် တိုက်ရိုက်ဖလှယ်၍ မရနိုင်သေးကြောင်းလည်း သိရသည်။“ဥပမာ-ထိုင်းဘတ်ငွေကို မြန်မာပြည်ထဲမှာ ကျပ်ငွေနဲ့ လဲလှယ်မယ်ဆိုရင် လဲလှယ်လို့ ရတယ်။ မလေးရှားလည်း ဒီအတိုင်းပဲ။ စင်ကာပူလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ မြန်မာကျပ်ငွေကို ထိုင်းမှာ သွားပေးလို့ မရဘူး။ ဖြစ်နေတာက ကိုယ့်ငွေကြေးက ခိုင်မာမှု မရှိတော့ Convertable Floating Exchange Rate ကို စနစ်တကျ Control မလုပ်နိုင်သေးဘူး” ဟု ၎င်းကဆိုသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ မြန်မာ့စီးပွားရေး တိုးတက်မှုကို ယခင်နှစ်ထက် နှစ်ရာခိုင်နှုန်း ကျဆင်းပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိမယ်ဟု ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။“နိုင်ငံခြား ကုန်သွယ်မှုကို ပြန်ကြည့်ရင် သွင်းကုန်တွေ တော်တော်များနေတယ်။ ဥပမာ-စက်မှုလုပ်ငန်းသုံးပစ္စည်း ရာခိုင်နှုန်း ၃၀ ကျော်သွားတယ် ဆိုတာက တကယ်မလိုအပ်ဘဲ တင်သွင်းနေတာတွေနဲ့လည်း ဆိုင်တယ်။ ဥပမာ-ကားတွေ အမြောက်အမြား တင်သွင်းနေတယ်။ စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေဟာ တချို့ မရှိမဖြစ် ပစ္စည်းတွေ ဖြစ်ပေမယ့် တချို့က Luxury ပစ္စည်းတွေ ဖြစ်နေတယ်။ ပြန်ကြည့်ရမှာက ကိုယ့်နိုင်ငံမှာ ဒါတွေကို ဒီလောက် လိုနေလို့လား။ ဒါကြောင့်မို့လို့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ပေါ်လစီဟာ အားနည်းနေတယ်လို့ သုံးသပ်မိတယ်။ ဒါကြောင့် Foreign Trade Policy က ခိုင်ခိုင်မာမာ ဖြစ်နေဖို့ လိုအပ်ပါတယ်” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးမြင့်သောင်းက ပြောကြားသည်။

Most Read

Most Recent