လီဗာပူးလ်အသင်းသည် လစ်လပ်လျက်ရှိသည့် အသင်းနည်းပြ ရာထူးအတွက် ဒေ့ါမွန်အသင်းနည်းပြဟောင်း ယာဂန် ကလော့ပ်အား ခန့်အပ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသည် ယာဂန်ကလော့ပ်အား (၃)နှစ် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုသောကြာနေ့တွင် တရားဝင်ကြေညာတော့မည်ဟု BBC,Daily Mail,Sky Sports စသည့် နာမည်ကြီးသတင်းဌာနကြီးမာျးက ဖော်ပြခဲ့ကြသည်။
ကလေ့ာပ်သည် ပြီးခဲ့သည့် ရာသီကုန်က ဒေါ့မွန်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် နည်းပြ ရာထူးမှ အနားယူနေသူဖြစ်ပြီး၊ ယခုအချိန်တွင် ၎င်းကို ကာလရှည် စိတ်ဝင်စားလာသည့် လီဗာပူးလ်အသင်းနှင့် လက်တွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသည် ကလော့ပ်ကိုသာမက ကလော့ပ်နှင့် ကာလရှည် လက်တွဲလာခဲ့ကြသည့် လက်ထောက်နည်းပြ (၂)ဦးဖြစ်သူ ဘူဗက်နှင့် ကရူးဝစ်ဇ်တို့ကိုလည်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကလော့ပ်သည် လီဗာပူးလ်အသင်းကို အောက်တိုဘာ (17)ရက်နေ့တွင် ကစားမည့် စပါးအသင်းနှင့် ပွဲစဉ်တွင် စတင် ကိုင်တွယ်သွားဖွယ်ရှိနေသည်။
Ref;BBC,Daily Mail,Sky Sports