၂၀၁၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် ၅၉ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ဘာစီလိုနာနှင့် ရီးယဲလ်မှ ခုနစ်ဦးစီ ပါဝင်

၂၀၁၅ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် ၅၉ ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ဘာစီလိုနာနှင့် ရီးယဲလ်မှ ခုနစ်ဦးစီ ပါဝင်
Published 4 October 2015

၂၀၁၅ ခုနှစ်အတွက် ချီးမြှင့်မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (FIFA Ballon d’Or)အတွက် ဆန်ခါတင် ၅၉ ဦး စာရင်းကို ထုတ်ပြန်ခဲ့ရာ ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့မှ ကစားသမား ခုနစ်ဦးစီဖြင့် အများဆုံး ပါဝင်နေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ရာသီက လာလီဂါ၊ ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့် ဖလားများ ဆွတ်ခူးနိုင်ခဲ့သလို ဥရောပ စူပါဖလားကိုလည်း ရယူနိုင်ခဲ့သောကြောင့် ကစားသမား ခုနစ်ဦးအထိ ပါဝင် လာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းမှာမူ ဖလားလက်မဲ့ရာသီ ဖြစ်ခဲ့သော်လည်း ဘာစီလိုနာနှင့်အတူ ခုနစ်ဦး ရွေးချယ်ခံခဲ့ရသည်။ စီးရီးအေနှင့် ကိုပါ အီတာလီယာဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် ဂျူဗင်တပ်စ်အသင်းမှ ခြောက်ဦးအထိ ရွေးချယ် ခံရသော်လည်း ဝါရင့်ဂိုးသမား ဘူဖွန်မှာမူ ယခုစာရင်း၌ ပါဝင်လာခဲ့ခြင်း မရှိပေ။ ယခုစာရင်းမှ ၂၃ ဦးစာရင်းကို ဒီဇင်ဘာလတွင် FIFA ဘောလုံး ကော်မတီက ရွေးချယ်မည်ဖြစ်ပြီး အကောင်းဆုံးဆုကိုမူ လက်ရွေးစင် နည်းပြနှင့် အသင်းခေါင်းဆောင်များက ရွေးချယ်မည်ဖြစ်သည်။ FIFA Ballon d’Or အမည်ဖြင့် ချီးမြှင့်သည့်ဆုကို မက်ဆီက သုံးကြိမ်နှင့် စီရော်နယ်လ် ဒိုက နှစ်ကြိမ် ဆွတ်ခူးရရှိထားသည်။
ကမ္ဘာ့အကောင်းဆုံးဆုအတွက် ဆန်ခါတင် ၅၉ ဦးစာရင်း
ဘာစီလိုနာ -   မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ရာကီတစ်၊ မာရှေရာနို၊ ဘရာဗို
ရီးယဲလ် - စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ တိုနီကရူးစ်၊ မိုဒရစ်၊ ဘန်ဇီမာ၊ ရာမို့စ်
ဂျူဗင်တပ်စ် - ပေါ့ဘာ၊ ဗီဒယ်လ်၊ ပီယာလို (နယူးယောက်စီးတီး)၊ မိုရာတာ၊ တီဗက်ဇ်(ဘိုကာဂျူနီယာ)၊ ချီလီနီ
ဘိုင်ယန်မြူးနစ် - မူလာ၊ ရော်ဘင်၊ လီဝန်ဒေါစကီး၊ နူအာ၊ အလာဘာ
မန်စီးတီး - အဂွဲရိုး၊ ယာယာတိုရေး၊ ဘိုနီ၊ ဒီဘရိုင်း (ဝုလ်ဖ်ဘတ်)၊ အော်တာမန်ဒီ (ဗလင်စီယာ)
ချယ်လ်ဆီး - ဟာဇက်၊ ဒီယေဂိုကော်စတာ၊ ဝီလီယံ၊ ကော်တိုအာ၊
PSG- အီဘရာဟီမိုဗစ်၊ ကာဗာနီ၊ ပတ်စ်တိုရီ
မန်ယူ - ဝိန်းရွန်နီ၊ ဒီဂီယာ၊ ဒီပိုင်း (PSV)၊
အာဆင်နယ် - ဆန်းချက်ဇ်၊ အော့စ်ပင်နာ
အက်သလက်တီကို-ဂရစ်ဇ်မန်း၊ မာတီနက်ဇ်(ပေါ်တို)၊
အေစီမီလန် - ကားလို့စ်ဘက်ကာ (ဆီဗီလာ)
LA ဂလက်ဆီ - ဒေါ့စ်ဆန်းတို့စ် (ဗီလာရီးယဲလ်)၊
လီဗာပူးလ် - ကော်တင်ဟို၊
စပါး - ဟာရီကိန်း၊ ဆွန်ဟောင်မင် (လေဗာကူဆင်)၊
ဘုန်းမောက် - အတ်ဆု (အဲဗာတန်)၊
ကိုရင်သီယန် - ဂွါရဲရိုး (ဖလာမင်ဂို)
ဟော်ဖန်ဟင်မ် - ဗားဂတ်စ် (QPR)
အင်တာမီလန် - မီဒယ်လ်၊
လိုင်ယွန် - လာကာဇက်တေ
PSV- ဂွါဒါဒို၊
ရေးဗားပလိတ် - ကားလို့စ်ဆန်းချက်ဇ်၊
ဆွမ်ဆီး - အာယူး (မာဆေးလ်)
QPR- လူအွန်ဂို (ဆွင်ဒန်)၊
လက်စတာ - အိုကာဇာကီ (မိန့်ဇ်)