စိန့်ဂျိမ်းစ်ပတ်ခ်တွင် အနိုင်မရဖူးသည့် မော်ရင်ဟို နယူးကာဆယ်၏ စိတ်ဓာတ်ပိုင်းကို ဝေဖန်ပြစ်တင်

စိန့်ဂျိမ်းစ်ပတ်ခ်တွင် အနိုင်မရဖူးသည့် မော်ရင်ဟို နယူးကာဆယ်၏ စိတ်ဓာတ်ပိုင်းကို ဝေဖန်ပြစ်တင်
Published 28 September 2015

နယူးကာဆယ်အသင်း၏ အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ်တွင် အနိုင်မရဖူးသည့် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် နယူးကာဆယ်အသင်း၏ စိတ်ဓာတ်ပိုင်းကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရှိရသည်။
 
မော်ရင်ဟိုသည် ပရီးမီးယားလိဂ်တွင် အနိုင်မရဖူးသည့် ကွင်းနှစ်ကွင်းရှိပြီး အာဆင်နယ်ကွင်း အီမရိတ်စ်နှင့် နယူးကာဆယ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ် တို့ဖြစ်ကြောင်း သိရသည်။
 

ပြီးခဲ့သည့် စနေနေ့တွင် မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းနှင့် စိန့်ဂျိမ်းစ်ပတ်ခ်သို့ (၆)ကြိမ်မြောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ (၂-၂)ဂိုး သရေကျခဲ့ပြီး စိန့်ဂျိမ်းစ်ပတ်ခ်တွင် အနိုင်မရဖူးသည့် မှတ်တမ်း ဆက်လက် တည်တံ့ခဲ့သည်။
 
မော်ရင်ဟိုက နယူးကာဆယ်အသင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ''လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နယူးကာဆယ်အသင်း အဆင့်ကောင်းကောင်း မရခဲ့တဲ့ အကြောင်းပြချက် တစ်ခုရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကြောင့်ပါ။ သူတို့က ပွဲတချို့ကို ရွေးချယ်ပြီး ရေကုန်ရေခန်းကစားပါတယ်။ တခြားပွဲတွေမှာတော့ အဲဒီလိုမကစားပါဘူး။ အဲဒါက (ဒီရာသီမှာ)နိုင်ပွဲမရသေးတဲ့အသင်းရဲ့ သဘောသကန်ပါပဲ။ ဒါက သူတို့အတွက်ဆိုးပါတယ်။ တကယ်လို့ သူတို့သာ ဒီပွဲ(ချယ်လ်ဆီးနှင့်ပွဲ)ကလို ကစားရင် အိမ်ကွင်းမှာ နိုင်ပွဲတွေ အများကြီးရပါလိမ့်မယ်"ဟု ပြောကြားခဲ့ကြောင်း သိရသည်။
 
မော်ရင်ဟို၏ စိန့်ဂျိမ်းစ်ပတ်ခ် မှတ်တမ်း
မေ(၂၀၀၅) နယူးကာဆယ် ၁-၁ ချယ်လ်ဆီးမေ(၂၀၀၆) နယူးကာဆယ် ၁-၀ ချယ်လ်ဆီးဧပြီ(၂၀၀၇) နယူးကာဆယ် ဝ-၀ ချယ်လ်ဆီးနိုဝင်ဘာ(၂၀၁၃) နယူးကာဆယ် ၂-၀ ချယ်လ်ဆီးဒီဇင်ဘာ(၂၀၁၄) နယူးကာဆယ် ၁-၁ ချယ်လ်ဆီးစက်တင်ဘာ(၂၀၁၅) နယူးကာဆယ် ၂-၂ ချယ်လ်ဆီး
 
 

 

Most Read

Most Recent