ရွန်နီဂိုးပေါက်ပြန်တွေ့မှုနဲ့ ထိပ်ဆုံးရောက်လာတဲ့ မန်ယူ

ရွန်နီဂိုးပေါက်ပြန်တွေ့မှုနဲ့ ထိပ်ဆုံးရောက်လာတဲ့ မန်ယူ
Published 26 September 2015

မန်ယူအသင်းက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း အရေးနိမ့်ခဲ့မှုကို အမိအရအသုံးချနိုင်ခဲ့ပြီး ဆန်းဒါးလန်းကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်သွင်းကာ အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ 
 
ရွန်နီအနေဖြင့် ပွဲချိန်(၄၆)မိနစ်တွင် အသင်းအတွက် ဒုတိယအနိုင်ဂိုးသွင်းကာ (၁၁)ပွဲဆက် ပရီးမီးယားလိဂ်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဒီပိုင်းက ပထမပိုင်းနာကျင်အချိန်ပိုတွင် အဖွင့်ဂိုးနှင့် မာတာက (၉၀)မိနစ်တွင် တတိယအနိုင်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 
 
အာဆင်နယ်အသင်းက ရှုံးပွဲမရှိသေးသည့် လက်စတာအသင်းကို အလက်ဆစ်ဆန်းချက်ဇ်၏ ဟက်ထရစ်အပါအဝင် ဝေါလ်ကော့၊ ဂျရူးတို့၏ဂိုးများနှင့် အဝေးကွင်းတွင်ပင် (၅-၂)ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့သည်။ 
 
လီဗာပူးလ်ကလည်း တိုက်စစ်မှူ း စတာရစ်ချ်၏ ဂိုးသွင်းခြေစွမ်းပြမှုဖြင့် ဗီလာအသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရကာ အမှတ်ပေးပွဲ (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့မှုကို ရပ်တန့်နိုင်ခဲ့သည်။
 
ပွဲစဉ်-၇ (စနေနေ့)ရလဒ်များ
 
စပါး ၄-၁ မန်စီးတီး
လက်စတာ ၂-၅ အာဆင်နယ်
လီဗာပူးလ် ၃-၂ အက်စတွန်ဗီလာ
မန်ယူ ၃-၀ ဆန်းဒါးလန်း
ဆောက်သမ်တန် ၃-၁ ဆွမ်ဆီး
စတုတ်စီးတီး ၂-၁ ဘုန်းမောက်
ဝက်စ်ဟမ်း ၂-၂ နောဝစ်ချ်
နယူးကာဆယ် - ချယ်လ်ဆီး
(Photos:AFP)