မန်စီးတီး တိုက်စစ်မှူး အဂွဲရိုး ပရီးမီးယားလိဂ်မှာ ဂိုးအမြူးဆုံးပွဲက စပါးနဲ့တွေ့ဆုံတဲ့ပွဲဖြစ်ပြီး တခြား ဘယ်ပွဲစဉ်ထက်မဆို ဂိုးပိုသွင်းနိုင်ခဲ့ပါတယ်။ အဂွဲရိုးဟာ စပါးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၇ ပွဲမှာ ၁၀ဂိုး သွင်းခဲ့ပြီး သူ့ရဲ့သွင်းဂိုးပေါင်း ၇၉ ဂိုးထဲက ၁၃ ရာခိုင်နှုန်းနီးပါးကို စပါးအသင်းနဲ့ ပွဲမှာရခဲ့တာပါ။ ဒီတစ်ပတ်မှတော့ အဂွဲရိုးက စပါးကွင်း ဝှိုက်ဟတ်လိန်းမှာ ကစားရမှာပါ။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုကတော့ သူအစဉ်အလာမရှိတဲ့ ကွင်းမှာ သွားကစားရမှာပါ။ ပရီးမီးယားလိဂ်မှာ မော်ရင်ဟို နိုင်ပွဲမရဖူးတဲ့ကွင်း နှစ်ကွင်း ရှိပါတယ်။ တစ်ခုက အာဆင်နယ်ကွင်း အီမရိတ်စ် (၃ ပွဲကစား၊ ၃ ပွဲ သရေ) ဖြစ်ပြီး နောက်တစ်ကွင်းကတော့ နယူးကာဆယ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ်ပါ။ ၅ ပွဲကစား၊ ၃ ပွဲရှုံး၊ ၂ ပွဲသရေကျခဲ့တဲ့ အောင်ပွဲမဲ့ စိန့်ဂျိမ်းစ်ပတ်ခ် အစဉ်အလာဆိုးကို မော်ရင်ဟို ရပ်တန့်နိုင်မလားဆိုတာတော့ . . . ။စပါး နှင့် မန်စီးတီး(၂၆-၉-၁၅ စနေ ည ၆း၁၅)ယမန်နှစ်ရလဒ် စပါး ဝ-၁ မန်စီးတီးရာသီစက အားနည်းခဲ့တဲ့ စပါးခံစစ်ပိုင်း ပုံစံကောင်းရလာပြီး နိုင်ပွဲလည်း ဆက်လာပါတယ်။ မန်စီးတီးကတော့ ဒီရာသီ ပထမဆုံးရှုံးပွဲတွေ့ထားပြီး မန်ယူနဲ့ အမှတ်ကပ်သွားလို့ ဖိအားများနေတယ်။သရေကျဖို့ များပါတယ်။လက်စတာ နှင့် အာဆင်နယ်(၂၆-၉-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် လက်စတာ ၁-၁ အာဆင်နယ်မာရက်ဇ်၊ ဗာဒီတို့နဲ့ ပုံစံကောင်းရနေတဲ့ လက်စတာတိုက်စစ်ကို အာဆင်နယ် ခံစစ်ဂိုးပေးရဖို့ များပါတယ်။ လက်စတာက ရှုံးပွဲမရှိသေးတဲ့ အသင်းပါ။ အာဆင်နယ် သရေပဲ ရမယ်ထင်တယ်။လီဗာပူးလ် နှင့် အက်စတွန်ဗီလာ(၂၆-၉-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် လီဗာပူးလ် ဝ-၂ ဗီလာစတာရစ်ချ် ပြန်ပါလာတဲ့ လီဗာပူးလ် တိုက်စစ် တိုးတက်လာဖို့ရှိပါတယ်။ ဒီနှစ်သင်းရဲ့ထူးခြားချက်က နောက်ဆုံး ရှစ်ပွဲမှာ အိမ်ကွင်းကစားရတဲ့အသင်း နိုင်ပွဲမရှိခဲ့တာပါ။ ဒါပေမဲ့ လီဗာပူးလ်ကိုပဲ ပိုကြိုက်ပါတယ်။ စတုတ်စီးတီး နှင့် ဘုန်းမောက်(၂၆-၉-၂၀၁၅ စနေ ည ၈း၃၀)နောက်ဆုံးတွေ့ဆုံမှု စတုတ်စီးတီး ၂-၀ ဘုန်းမောက်စတုတ်စီးတီး လူစာရင်းနဲ့ နိုင်ပွဲမရသေးတာ အံ့အားသင့်စရာ ကောင်းပါတယ်။ အမှားများတဲ့ ခံစစ်ပိုင်းက ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကို သတိထားရမှာပါ။ စတုတ်စီးတီး ဒီပွဲမှာ နိုင်ပွဲစရဖို့များပါတယ်။ ဝက်စ်ဟမ်း နှင့် နောဝစ်ချ်(၂၆-၉-၂၀၁၅ စနေ ည ၈း၃၀)နောက်ဆုံးတွေ့ဆုံမှု ဝက်စ်ဟမ်း ၂-၀ နောဝစ်ချ်ဝက်စ်ဟမ်းက ကစားသမား ၂၄ ဦးကို အသုံးပြုထားပြီး မတူညီတဲ့ ကစားသမားတွေကို အများဆုံး အသုံးပြုခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ ရလဒ်ပိုင်း တည်ငြိမ်နေပြီး အသင်းကြီးတွေကိုတောင် အနိုင်ကစားနိုင်ခဲ့တယ်။ နောဝစ်ချ်ကို နိုင်ဖို့ အခက်အခဲမရှိနိုင်ပါဘူး။မန်ယူ နှင့် ဆန်းဒါးလန်း(၂၆-၉-၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် မန်ယူ ၂-၀ ဆန်းဒါးလန်းမာရှယ်လ်သာ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် မန်ယူအသင်းမှာ အဖွင့်သုံးပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်လိမ့်မယ်။ အိုရှေး၊ ကာဘူးလ်၊ ကိုအာတက်စ်တို့နဲ့ ဆန်းဒါးလန်းခံစစ်က ပုံမှန် ဂိုးပေးနေရတာကြောင့် မျှော်လင့်လို့ ကောင်းနေပါတယ်။ မန်ယူဂိုးပြတ်နိုင်ဖို့ များပါတယ်။ဆောက်သမ်တန် နှင့် ဆွမ်ဆီး(၂၆-၉-၂၀၁၅ စနေ ည ၈း၃၀)ယမန်နှစ်ရလဒ် ဆောက်သမ်တန် ဝ-၁ ဆွမ်ဆီးဆောက်သမ်တန် တိုက်စစ်က အိမ်ကွင်းဆိုရင် ဂိုးရဖို့မပူရပါဘူး။ ခံစစ်ပိုင်း လျော့ရဲနေပေမယ့် ဆွမ်ဆီးကလည်း နှစ်ပွဲဆက် သွင်းဂိုး ပျောက်ဆုံးထားပါတယ်။ ဆွမ်ဆီးရဲ့မာကျောမှုကြောင့် သရေကျသွားနိုင်ပေမယ့် အနိုင်ဆိုရင် ဆောက်သမ်တန်ပါ။ နယူးကာဆယ် နှင့် ချယ်လ်ဆီး(၂၆-၉-၁၅ စနေ ည ၁၁း၀၀)ယမန်နှစ်ရလဒ် နယူးကာဆယ် ၂-၁ ချယ်လ်ဆီးနယူးကာဆယ် ရှုံးပွဲဆက်နေပြီး တိုက်စစ်ကလည်း နောက်ဆုံးငါးပွဲမှာ တစ်ဂိုးပဲရခဲ့တယ်။ ချယ်လ်ဆီးတိုက်စစ်ကလည်း ဒီယေဂိုကော်စတာ ပွဲပယ်ခံထားရသလို၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာလည်း သုံးရာသီဆက် ရှုံးပွဲကြုံခဲ့ပါတယ်။ ချယ်လ်ဆီး ကပ်နိုင်ဖို့ပဲများပြီး မထင်မှတ်ဘဲ သရေလည်း ကျသွားနိုင်ပါတယ်။ ဝက်ဖို့ဒ် နှင့် ခရစ္စတယ်ပဲလေ့စ်(၂၇-၉-၁၅ တနင်္ဂနွေ ည ၉း၃၀)နောက်ဆုံးတွေ့ဆုံမှု ဝက်ဖို့ဒ် ၂-၂ ပဲလေ့စ်ဝက်ဖို့ဒ်က တိုက်စစ်ပိုင်း ဂိုးသွင်းခြေမ မှန်ပေမယ့် အိမ်ကွင်းမှာတော့ သုံးပွဲဆက် Clean Sheet ရထားတဲ့ ခံစစ်ပိုင်းက အထင်ကြီးစရာပါ။ ပဲလေ့စ်ကလည်း နှစ်ပွဲဆက်ရှုံးပြီး ဂိုးပေါက်လည်း ပျောက်နေပါတယ်။အိမ်ကွင်းမှာ ဝက်ဖို့ဒ် မရှုံးနိုင်ပါဘူး။ဝက်စ်ဘရွန်း နှင့် အဲဗာတန်(၂၉-၉-၁၅ အင်္ဂါ နံနက် ၁း၃၀)ယမန်နှစ်ရလဒ် ဝက်စ်ဘရွန်း ဝ-၂ အဲဗာတန်တိုနီပူးလစ်ရဲ့ ဝက်စ်ဘရွန်းက ခံစစ်ပိုင်းစွမ်းဆောင်ရည် အရမ်းကောင်းနေပြီး နောက်ဆုံးငါးပွဲမှာ ချယ်လ်ဆီးကိုပဲ ဂိုးပေးခဲ့ရတယ်။ အဲဗာတန်ကလည်း အဝေးကွင်းခြေစွာနေလို့ သရေကျဖို့များပါတယ်။
အဂွဲရိုးက ဂိုးအမြူးဆုံးပွဲစဉ်ကို ဝှိုက်ဟတ်လိန်းမှာ ကစားရမယ်၊ မော်ရင်ဟိုက စိန့်ဂျိမ်းစ်ပတ်ခ်က အောင်ပွဲမဲ့ အစဉ်အလာဆိုးကို ရပ်တန့်ဖို့ ကြိုးပမ်းရမယ်