လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များကို ဆက်လက်ကစားခဲ့ရာ ပွဲကြီးတစ်ပွဲ အဖြစ်ပါဝင်ခဲ့သည့် စပါး-အာဆင်နယ် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင် နယ်အသင်းက အဝေးကွင်း၌ စပါးကို (၂-၁)ဂိုးဖြင့် အနိုင်ယူကာ နောက်တစ် ဆင့်သို့ တက်ရောက်ခဲ့သည်။အာဆင်နယ်အသင်းသည် စပါးကို အသားစီး ကစားကာ နိုင်ပွဲယူခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အတွက်ဂိုးများကို ကွင်းလယ်လူ ဖလာမီနီက (၂၆၊ ၇၆)မိနစ်များတွင် သွင်းယူပေးခဲ့သည်။ ဖလာမီနီအတွက် (၃၁၆၄)ရက်ကြာ ဝေးကွာနေသည့် လိဂ်ဖလားပြိုင်ပွဲတွင် ဂိုးများသွင်းယူနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။ စပါးအသင်းအတွက် ချေပဂိုးတစ်ဂိုး မှာ အာဆင်နယ်နောက်ခံလူ ချိန်ဘာစ် ကိုယ့်ဂိုးကိုယ် သွင်းယူမိခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်အတွက် ၂ ဂိုးသွင်းခဲ့သည့် ဖလာမီနီ (Photo : AFP)
ပြီးခဲ့သည့်ဘောလုံးရာသီက လိဂ်ဖလားပြိုင်ပွဲမှ အရှက်တကွဲထွက်ခွာခဲ့ရသည့် မန်ယူအသင်းမှာ အိမ်ကွင်းတွင် အစ်ဝစ်ချ်အသင်းကို (၃-ဝ)ဂိုးဖြင့် အနိုင်ယူခဲ့ သည်။ မန်ယူအသင်းသည် ပွဲထွက်လူစာရင်းတွင် လူငယ်တောင်ပံကစားသမား ပါရဲရား ကိုပွဲထုတ်ခဲ့သည်မှလွဲ၍ ရွန်နီ၊ မာတာ၊ ဟာရဲရား၊ ရှဝိန်းစတိုင်ဂါစသူတို့အပါအဝင် အဓိကကစားသမားများကို အသုံးပြုခဲ့သည်။ မန်ယူအသင်းအတွက်ဂိုးများကို (၂၃)မိနစ်တွင် ရွန်နီ၊ မိနစ်(၆၀)တွင် ပါရဲရားနှင့် ပွဲပြီးခါနီးတွင် လူစားဝင်တိုက်စစ်မှူ း မာရှယ်လ် တို့က သွင်းယူပေးခဲ့သည်။ မန်ယူလူငယ်တိုက်စစ်မှူ း မာရှယ်လ်အတွက် မန်ယူ ကစားသမားဘ၀ (၄)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်သည်။အီဗန်နိုဗစ်၊ တယ်ရီ၊ ဂယ်ရီကာဟေးလ်၊ ရီမီ၊ ဖယ်လ်ကာအို၊ ရာမီရက်စ် စသည့် နာမည်ကျော်ကစားသမားဖြင့် ပွဲထွက်လာသည့် ချယ်လ်ဆီးအသင်း သည် League One ကလပ် ဝဲဆောလ်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးများကို (၁၀)မိနစ်တွင် ရာမီရက်စ်၊ (၄၁)မိနစ်တွင် ရီမီ၊ (၅၂)မိနစ်တွင် ကင်နေဒီနှင့် ပွဲပြီးခါနီးတွင် လူစားဝင်ကစားသမား ပတ်ဒရိုတို့က သွင်းယူခဲ့သည်။ ဝဲဆောလ်အသင်း အတွက် ချေပဂိုးတစ်ဂိုးကို အိုကွန်နာက ပထမပိုင်းပြီးခါနီးတွင် သွင်းယူခဲ့သည်။
မန်ယူအတွက် တတိယမြောက် ဂိုးသွင်းယူခဲ့သည့် မာရှယ်လ် (Photo : AFP)ရလဒ်ဆိုးများကြောင့် ဖိအားရှိနေသည့် နည်းပြ ဘရန်ဒန်ရော်ဂျာ၏ လီဗာပူးလ် အသင်းမှာ အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း League Two ကလပ် ကယ်လိုင်းအသင်းကို ပွဲချိန် (၁-၁)ဂိုးစီ သရေသာ ကစားနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဖာမီနို၊ မီလ်နာ၊ အမ်မရီချန်၊ စကာတယ်လ်၊ ကလိုင်း၊ ဒန်နီအင့်စ်စသူတို့ ပါဝင်ခဲ့ပြီး (၂၃)မိနစ်တွင် ဒန်နီအင့်စ်က ဦးဆောင်ဂိုးသွင်းခဲ့သည်။ သို့သော် (၃၄)မိနစ် တွင် ကယ်လိုင်းအတွက် အဆာမိုက ချေပဂိုးပြန်သွင်းသွားခဲ့သည်။ ဒုတိယပိုင်းတွင် လီဗာပူးလ်မှာ ကော်တင်ဟို၊ အော်ရီဂီတို့ကို ထည့်သွင်းကာ ဂိုးရရှိရေး ကြို းပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ အချိန်ပိုတွင်လည်း ဂိုးထပ်မသွင်းနိုင်ဘဲ သရေကျခဲ့သဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ လီဗာပူးလ်အသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့သည်။ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် ပဲလေ့စ်၊ ဆောက်သမ်တန်အသင်းများမှာ ဂိုးပြတ်နိုင်ပွဲများဖြင့် နောက်တစ်ဆင့်တက်ခဲ့သေ်ာလည်း နယူးကာဆယ်အသင်းသည် အိမ်ကွင်းတွင် ရှက်ဖီးလ်ဝင်းစဒေးအသင်းအား (ဝ-၁)ဂိုးဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ဗုဒ္ဓဟူးနေ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ် ရလဒ်များခရစ္စတယ်ပဲလေ့စ် ၄-၁ ချာလ်တန်MK ဒွန်းစ် ဝ- ၆ ဆောက်သမ်တန်နယူးကာဆယ် ဝ-၁ ရှက်ဖီးလ်ဝင်းစဒေးနောဝစ်ချ် ၃-၀ ဝက်စ်ဘရွန်းစပါး ၁-၂ အာဆင်နယ်ဝဲဆောလ် ၁-၄ ချယ်လ်ဆီးမန်ယူ ၃-၀ အစ်ဝစ်ချ်လီဗာပူးလ် ၁-၁ ကယ်လိုင်း(အချိန်ပိုတွင် ဂိုးထပ်မသွင်းနိုင်ခဲ့ဘဲ ပယ်နယ်တီတွင် ၃-၂ ဂိုးဖြင့် လီဗာပူးလ်နိုင်)