ကြာသပတေးနေ့ နံနက်ပိုင်း အင်္ဂလန်လိဂ်ဖလား တတိယအဆင့် ပွဲစဉ်များ

ကြာသပတေးနေ့ နံနက်ပိုင်း အင်္ဂလန်လိဂ်ဖလား တတိယအဆင့် ပွဲစဉ်များ
Published 23 September 2015

၂၄-၉-၂၀၁၅ (ကြာသာပတေးနေ့) နံနက် အစောပိုင်းမှာတော့ အင်္ဂလန်လိဂ်ဖလား တတိယအဆင့် ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ စပါး-အာဆင်နယ် မြောက်လန်ဒန်ဒါဘီ အပါအဝင် မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန်တို့လို ပရီးမီးယားအသင်းတွေရဲ့ ပွဲစဉ်တွေပါဝင်နေပါတယ်။■ စပါး-အာဆင်နယ် (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၁၅ မိနစ်)လိဂ်ဖလားပြိုင်ပွဲ နောက်ပိုင်းနှစ်တွေမှာ အာစင်ဝင်းဂါး အနေနဲ့ အသင်းပွဲထွက် စာရင်းမှာ လူစုံထုတ်လေ့ မရှိပေမယ့် သမ္ဘာနုတဲ့ လူငယ်တွေထက် အတွေ့အကြုံရင့် အရံတွေကို ပွဲထုတ်တတ်ပါတယ်။ အခု စပါးကွင်းမှာကစားမယ့် ပွဲမှာလည်း အာစင်ဝင်းဂါး ဒီပုံစံနဲ့ပဲ အပြောင်းအလဲလုပ်ဖို့ များတယ်။ စပါးကတော့ ရာသီအစမှာ ပုံစံမှန် မရသေးလို့ ဖိအားရှိနေတဲ့အပြင် အိမ်ကွင်းလည်း ဖြစ်တာကြောင့် အဓိက ကစားသမား အများစုကိုပဲ ထုတ်သုံးဖို့ရှိတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လန်ဒန်မြောက်ပိုင်း ဒါဘီပွဲမှာ အိမ်ရှင်စပါးကိုပဲ ရွေးချယ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ 
■ လီဗာပူးလ်-ကယ်လိုင်း (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၃၀ မိနစ်)ကယ်လိုင်းက အင်္ဂလန် League Two မှာတောင် အလယ်အလတ်အဆင့်လောက်ပဲ ရှိပါတယ်။ ကစားသမား အင်အားများတဲ့ လီဗာပူးလ် ဘယ်လို Line-up နဲ့ပဲ ပွဲထုတ်ထုတ် ကယ်လိုင်းအသင်းက မှုစရာပြိုင်ဘက်မျိုး မဟုတ်ပါဘူး။ လီဗာပူးလ် (၃) ဂိုးပြတ်လောက် ဖြစ်နိုင်တယ်။ 
■ ဝဲဆောလ်-ချယ်လ်ဆီး (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၁၅ မိနစ်)ချယ်လ်ဆီးနည်းပြ မော်ရင်ဟို အသင်းကို အပြောင်းအလဲ ပြုလုပ်မှုတွေ စတင်နေပါပြီ။ ကစားရမယ့် ပြိုင်ဘက်ကလည်း အတန်း (၂) တန်းလောက် နိမ့်နေလို့ အသင်းမှာ ကျန်နေတဲ့ လူငယ်တွေကို မော်ရင်ဟို အခွင့်အရေးပေးဖို့ များပါတယ်။ အဝေးကွင်းဖြစ်လို့ (၂) ဂိုးအထက်တော့ ဖြစ်နိုင်ခြေ နည်းတယ်။ 
■ မန်ယူ-အစ်ဝစ်ချ် (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၃၀ မိနစ်)ယမန်နှစ်ရာသီက လိဂ်ဖလား ဒုတိယအဆင့်မှာ League One ကလပ် MK ဒွန်းစ်ကို မန်ယူ ဂိုးပြတ်ရှုံးခဲ့တာ အမှတ်ရစရာပါ။ ဒါပေမဲ့ အခု ကစားရမှာက အိုးလ်ထရက်ဖို့ဒ်ကွင်း ဖြစ်နေလို့ အိမ်ကွင်းပရိသတ်ကို မန်ယူ မျက်နှာပျက်ခံမှာ မဟုတ်ဘူး။ မန်ယူ (၁-ဝ)၊ (၂-ဝ)လောက်ပဲ ဖြစ်နိုင်တယ်။ 
■ နောဝစ်ချ်-ဝက်စ်ဘရွန်း (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၁၅ မိနစ်)နောဝစ်ချ်က လိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ် အပါအဝင် နောက်ဆုံး (၅) ပွဲမှာ (၁) ပွဲသာရှုံးပြီး (၃) ပွဲနိုင်၊ (၁) ပွဲ သရေကျထားခဲ့တယ်။ ဝက်စ်ဘရွန်းကလည်း ဒီရာသီ အဝေးကွင်းတွေမှာ ရှုံးပွဲ မရှိသေးဘဲ (၂)ပွဲနိုင်၊ (၁)ပွဲ သရေကျခဲ့တယ်။ အသင်းလိုက် ဟန်ချက်ပိုညီတဲ့ ဝက်စ်ဘရွန်းကိုပဲ ရွေးချယ်ချင်တယ်။ 
■ MKဒွန်းစ်-ဆောက်သမ်တန် (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၁၅ မိနစ်)တန်းတက်ကလပ် MKဒွန်းစ်က လိဂ်ချန်ပီယံရှစ်မှာ အခြေအနေ မဟန်ပါဘူး။ ဆောက်သမ်တန်ကလည်း ဖလားပွဲတွေဆို အလေးမထားတတ်တာ သတိပြုရမယ်။ အိမ်ရှင်ကိုပဲ ရွေးတာ ပိုကောင်းလိမ့်မယ်။ 
■ နယူးကာဆယ်-ရှက်ဖီးဝင်းစ်ဒေး (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၁၅ မိနစ်)ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ပြီး ဇယားအောက်ခြေ ရောက်နေတဲ့ နယူးကာဆယ်ဆို့ လိဂ်ဖလားကို အာရုံစိုက်ဖို့ မဖြစ်နိုင်ပါဘူး။ လူအင်အား ဖြည့်တင်းမှုတွေက အားရစရာ ကောင်းပေမယ့် ကွင်းတွင်းစွမ်းဆောင်ရည်ကတော့ အနုတ်ပြနေပါတယ်။ အိမ်ကွင်းဖြစ်ပေမယ့် နယူးကာဆယ်ထက် ပြိုင်ပွဲကို အာရုံစိုက်ယှဉ်ပြိုင်မယ့် ရှက်ဖီးဝင်းစ်ဒေးကို ပိုကြိုက်မိတယ်။ 
■ ခရစ္စတယ်ပဲလေ့စ်-ချာလ်တန် (၂၄-၉-၂၀၁၅ နံနက် ၁ နာရီ ၁၅ မိနစ်)တစ်ချိန်က ပြိုင်ဘက်ကောင်းတွေရဲ့ အနေအထားက အခုတော့ ကွာခြားသွားပါပြီ။ အလန်ပါဂျူး ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ်မှာ တူတူတန်တန် ခြေစွမ်းပြနေတဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ကစားအားကို လိဂ်ချန်ပီယံရှစ်မှာ အခြေအနေ မဟန်တဲ့ ချာလ်တန်ယှဉ်ဖို့ ခက်တယ်။ ခရစ္စတယ်ပဲလေ့စ် နောက်တစ်ဆင့်တက်ဖို့ အားထုတ်မှာပါ။