အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်းတို့ စက်တင်ဘာ ၂၀ ရက် (ယနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ခြေစမ်းကစားသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုင်း ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဗိုလ်စွဲထားသည့် အသင်းဖြစ်ပြီး ယင်းအသင်းမှ အမာခံ ကစားသမား ၁၀ ဦး ပါဝင်လာခြင်း မရှိကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် အာရှ ခြေစစ်ပွဲအတွက် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် ကတည်းက လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်လျက်ရှိကာ ယခုခြေစမ်းပွဲမှာ ခြေစစ်ပွဲ မတိုင်မီ နောက်ဆုံးကစားသည့် ခြေစမ်းပွဲလည်း ဖြစ်သည်။ ထိုင်း ယူ-၁၉ အသင်းမှာ အာဆီယံ ချန်ပီယံအသင်းမှ ကစားသမား ၁၀ ဦး ပါဝင်လာခြင်းမရှိဘဲ လူသစ်ကစားသမား ၆ ဦးကို အားဖြည့် ရွေးချယ်လာကြောင်း သိရသည်။ ထိုင်း ယူ-၁၉ အသင်းသည် ခြေစမ်းပွဲ ကစားရန်အတွက် စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယနေ့ ခြေစမ်းမည် ထိုင်းအသင်း၌ အမာခံ ကစားသမားအချို့ မပါဝင်
Most Read
Most Recent
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago
8 hours ago