မော်ရင်ဟိုကို မနိုင်ဖူးတဲ့ မှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါး အိမ်ကွင်းနှစ်ပွဲဆက် အရှုံးမရှိတဲ့ မော်ရင်ဟိုရဲ့ နောက်ထပ် မှတ်တမ်းတစ်ခုကို ရပ်တန့်ဦးမလား

မော်ရင်ဟိုကို မနိုင်ဖူးတဲ့ မှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါး အိမ်ကွင်းနှစ်ပွဲဆက် အရှုံးမရှိတဲ့ မော်ရင်ဟိုရဲ့ နောက်ထပ် မှတ်တမ်းတစ်ခုကို ရပ်တန့်ဦးမလား
Published 19 September 2015

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုနဲ့ တွေ့ဆုံမှုတွေမှာ ၁၃ ကြိမ်အထိ နိုင်ပွဲမရှိခဲ့ရာက ဒီရာသီအဖွင့် ကွန်မြူနတီဒိုင်းမှာ အနိုင်ကစားပြီး ၁၄ ကြိမ်မြောက်မှာ အနိုင်ရခဲ့ပါတယ်။ မော်ရင်ဟိုကို အနိုင်မရဖူးတဲ့ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ မော်ရင်ဟိုရဲ့ နောက်ထပ် မှတ်တမ်းကောင်းတစ်ရပ်ဖြစ်တဲ့ လိဂ်ပွဲ အိမ်ကွင်းနှစ်ပွဲဆက် အရှုံးမရှိ မှတ်တမ်းကိုလည်း ရပ်တန့်နိုင်ဦးမလား ကြည့်ရမှာပါ။ အိမ်ကွင်း နောက်ဆုံးပွဲမှာ ပါဂျူးရဲ့ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မော်ရင်ဟိုကို အာစင်ဝင်းဂါးက ထပ်မံအနိုင်ယူသွားမလားဆိုတာ . . .။
ချယ်လ်ဆီး နှင့် အာဆင်နယ်
(၁၉-၉-၁၅ စနေ ည ၆း၁၅ )
ယမန်နှစ်ရလဒ်  ချယ်လ်ဆီး ၂-၀ အာဆင်နယ်
နှစ်ပွဲဆက်ရှုံးထားတဲ့ ချယ်လ်ဆီး ဖိအား အရမ်းများနေပြီး ဒီပွဲကို ဖောင်ဖျက် ကစားလာနိုင်တယ်။ စတမ်းဖို့ဒ်ဘရစ်ချ် မှာဆိုရင် အာဆင်နယ်ကလည်း အရှုံးနဲ့ ပြန်ရတတ်တယ်။ ချယ်လ်ဆီးကိုပဲ ရွေးထားချင်ပါတယ်။
ဆွမ်ဆီး နှင့် အဲဗာတန်
(၁၉-၉-၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ်  ဆွမ်းဆီး ၁-၁ အဲဗာတန်
ဆွမ်ဆီးက ဝက်ဖို့ဒ်ကို တစ်ယောက်အသာနဲ့ ကစားရပေမယ့် မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့တယ်။ ဒါပေမဲ့ ဆွမ်ဆီး ခြေပျက်သွားတယ်လို့ ပြောမရပါဘူး။ ချယ်လ်ဆီးကိုနိုင်ခဲ့တဲ့ အဲဗာတန်ထက် ဆွမ်ဆီးကိုပိုကြိုက်နေတယ်။
စတုတ်စီးတီး နှင့် လက်စတာ
(၁၉-၉-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် စတုတ်စီးတီး ဝ-၁ လက်စတာ
ခံစစ်ပိုင်း အကျအပေါက်တွေက စတုတ်စီးတီးကို ဒုက္ခပေးနေပါတယ်။ အားကောင်းတယ် ထင်ရတဲ့ ကွင်းလယ်ကလည်း အလုပ်မဖြစ်သေးပါဘူး။ ပုံစံကောင်းရနေတဲ့ လက်စတာ အနိမ့်ဆုံးသရေပါ။ 
ဘုန်းမောက် နှင့် ဆန်းဒါးလန်း
(၁၉-၉-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု မရှိ
ဘုန်းမောက်က ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲ အရသာကို မြည်းစမ်းနိုင်ဖို့ ကြိုးပမ်းနေရဆဲပါပဲ။ ဆန်းဒါးလန်းကလည်း ဒီရာသီ နိုင်ပွဲရှာမတွေ့သေးပါဘူး။ ရုန်းကန်အားရှိတဲ့ ဘုန်းမောက်ကို ပိုကြိုက်ပါတယ်။    
နယူးကာဆယ် နှင့် ဝက်ဖို့ဒ်
(၁၉-၉-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု နယူးကာဆယ် ၂-၁ ဝက်ဖို့ဒ်
အမှတ်ပေးဇယား အောက်ဆုံးရောက်နေတဲ့ နယူးကာဆယ် ဒီပွဲတော့ ပြန်လာနိုင်ဖို့များပါတယ်။ နယူးကာဆယ်က အစဉ်အလာအရ ဝက်ဖို့ဒ်ကို အသာစီးရလေ့ရှိပါပြီး လိဂ်ပွဲ ၁၆ ပွဲတွေ့ဆုံမှုမှာ နယူးကာဆယ် တစ်ပွဲပဲ ရှုံးခဲ့ပါတယ်။ နယူးကာဆယ် နိုင်ဖို့များပါတယ်။
အက်စတွန်ဗီလာ နှင့် ဝက်စ်ဘရွန်း
(၁၉-၉-၂၀၁၅ စနေ ည ၈း၃၀ )
ယမန်နှစ်ရလဒ် ဗီလာ ၂-၁ ဝက်စ်ဘရွန်း
ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်းတွေ့ဆုံတိုင်း အပြန်အလှန် ဂိုးသွင်းတတ်ပါတယ်။ နောက်ဆုံး ကိုးပွဲမှာ ရှစ်ပွဲက နှစ်သင်းစလုံး ဂိုးသွင်း နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂိုးများတဲ့ပွဲ ဖြစ်လာဖို့များပြီး တိုနီပူးလစ်လက်ထဲ မာကျော လာတဲ့ ဝက်စ်ဘရွန်းကို ပိုကြိုက်ပါတယ်။  
မန်စီးတီး နှင့် ဝက်စ်ဟမ်း
(၁၉-၉-၁၅ စနေ ည ၁၁း၀၀)
ယမန်နှစ်ရလဒ် မန်စီးတီး ၂-၀ ဝက်စ်ဟမ်း
မန်စီးတီးခံစစ်က ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိသေးသလို၊ ဂိုးမပေးရတဲ့ အချိန်ပေါင်းကလည်း ၉ နာရီ ၂၆ မိနစ်ရှိနေပြီ။ ဝက်စ်ဟမ်းက အာဆင်နယ်၊ လီဗာပူးလ်တို့ကို အနိုင်ကစားခဲ့တဲ့ အသင်းဆိုပေမယ့် အီတီ ဟတ်မှာတော့ နောက်ပိုင်းနှစ်တွေမှာ ဂိုးပေါက် ပျောက်ခဲ့တယ်။ မန်စီးတီး အနိုင်ပါ။       
စပါး နှင့် ခရစ္စတယ်ပဲလေ့စ်
(၂၀-၉-၁၅ တနင်္ဂနွေ ည ရး၀၀)
ယမန်နှစ်ရလဒ်  စပါး ဝ-၀ ပဲလေ့စ်
ပဲလေ့စ်က လန်ဒန်ဒါဘီ အဝေးကွင်းပွဲတွေမှာ ခြေစွမ်းပြနိုင်လေ့ မရှိပါဘူး။ နောက်ဆုံး ၁၉ ပွဲမှာ သုံးပွဲပဲနိုင်ပြီး ၁၁ ပွဲအထိ ရှုံးခဲ့တယ်။ ဒါပေမဲ့ ပဲလေ့စ်ရလဒ် ကောင်းတတ်တာက စပါးကွင်းဖြစ်ပြီး နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲပဲရှုံးခဲ့တယ်။ လက်ရှိ ခြေစွမ်းအရလည်း ပဲလေ့စ်ကိုပဲ ရွေးချယ်ချင်ပါတယ်။    
ဆောက်သမ်တန် နှင့် မန်ယူ
(၂၀-၉-၁၅ တနင်္ဂနွေ ည ၉း၃၀)
ယမန်နှစ်ရလဒ် ဆောက်သမ်တန် ၁-၂ မန်ယူ
မန်ယူူခံစစ်ပိုင်းက ဂိုးတွေ ပုံမှန်ပေးလာရပြီး ဆောက်သမ်တန်ကွင်းမှာ ခုနစ်ပွဲဆက် Clean Sheet မရခဲ့တဲ့ အစဉ်အလာပိုင်းကြောင့်လည်း စိုးရိမ်စရာဖြစ်နေတယ်။ မန်ယူ တိုက်စစ်ပိုင်း ဂိုးသွင်းအားကလည်း စိတ်မချရသေးဘူး။ သရေကျဖို့များပါတယ်။
လီဗာပူးလ် နှင့် နောဝစ်ချ်
(၂၀-၉-၂၀၁၅ တနင်္ဂနွေ ည ၉း၃၀)
နောက်ဆုံးတွေ့ဆုံမှု လီဗာပူးလ် ၅-၁ နောဝစ်ချ်
ရှုံးပွဲဆက်ပြီး ဖိအားများနေတဲ့ လီဗာပူးလ်အတွက် နောဝစ်ချ်က ဖြေဆေးဖြစ်နိုင်ပါတယ်။ နောဝစ်ချ်က လီဗာပူးလ်နဲ့ နောက်ဆုံး ၁၀ ပွဲ တွေ့ဆုံမှုမှာ ကိုးပွဲအထိ ရှုံးခဲ့တဲ့အသင်းပါ။ လီဗာပူးလ် အနိုင်သေချာပါတယ်။