ချန်ပီယံလိဂ်အုပ်စုအဖွင့် ဒုတိယနေ့ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပရီးမီးယားလိဂ်တွင် ရလဒ်မကောင်းသဖြင့် ဖိအားများအောက် ရောက်ရှိနေ သည့် နည်းပြ မော်ရင်ဟို၏ ချယ်လ်ဆီးအသင်းက အိမ်ကွင်းတွင် မက္ကာဘီတဲလ်အဗစ်အသင်းအား (၄-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက် ပယ်နယ်တီမဝင်ခဲ့သော်လည်းပွဲချိန်(၁၅)မိနစ်တွင် ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးကို ဝီလီယံက သွင်းယူပေးခဲ့သည်။ ချယ်လ်ဆီးအသင်း၏ ဒုတိယဂိုးကို (၄၅)မိနစ်တွင် အော်စကာက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီး (၅၈)မိနစ်တွင် ဒဏ်ရာရာသွားသော ဝီလီယံ၏ နေရာအစားဝင်လာသူ တိုက်စစ်မှူ း ဒီယေဂိုကော်စတာက တတိယဂိုးနှင့် (၇၈)မိနစ်တွင် ဖာဘရီဂတ်စ်က ပွဲသိမ်းဂိုးရယူပေးကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
အရံကစားသမားအချို့ ပွဲထုတ်လာသည့် အာဆင်နယ်အသင်းမှာ အဝေးကွင်းတွင် ဒိုင်နမိုဇာဂရက်အသင်းအား (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။(၂၄)မိနစ်တွင် အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန် ကိုယ့်ဂိုးကိုယ်သွင်းယူမိသဖြင့် ဒိုင်နမိုဇာဂရက် ဦးဆောင်ဂိုးရခဲ့သွားခဲ့သည်။ မိနစ်(၄၀)တွင် အာဆင်နယ်တိုက်စစ်မှူ း ဂျရူး (၂)ဝါ(၁)နီဖြင့် အထုတ်ခံရသဖြင့် အာဆင်နယ် ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရသည်။ (၅၈)မိနစ်တွင် ဒိုင်နမိုဇာဂရက်အတွက် ဒုတိယဂိုးကို ဖာနန်ဒက်စ်က သွင်းယူခဲ့သဖြင့် ဝေါလ်ကော့၊ ကိုကီလင်နှင့် ဂျိုရယ်လ်ကမ်းဘဲလ်တို့ကို တစ်ပြိုင်နက် လူစားလဲခဲ့သည်။ ထို့နောက်တွင် အာဆင်နယ်အသင်း ကစားကွက်မိလာခဲ့ပြီး ဖိကစားနိုင်ခဲ့သော်လည်း (၇၉)မိနစ်တွင် ဝေါလ်ကော့သွင်းယူသော ချေပဂိုးတစ်ဂိုးသာ ရခဲ့ကာရှုံးနိမ့်ခဲ့ရသည်။ထို့ကြောင့် ပထမနေ့ပွဲစဉ်တွင် မန်ယူနှင့် မန်စီးတီး၊ ဒုတိယနေ့ပွဲစဉ်တွင် အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့သဖြင့်၂၀၀၅ ခုနှစ်နောက်ပိုင်း ချန်ပီယံအုပ်စုအဖွင့်ပွဲတွင် အင်္ဂလန်ကလပ်အသင်းများ အရေအတွက်အများဆုံး ရှုံးနိမ့်ခဲ့သည့် ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အုပ်စုဒုတိယနေ့ပွဲစဉ်တွင် အကောင်းဆုံးပွဲစဉ်ဖြစ်သော ရိုးမားနှင့် ဘာစီလိုနာအသင်းတို့ ပွဲစဉ်မှာ (၁-၁)ဂိုးစီဖြင့် သရေကျခဲ့သည်။ဘာစီလိုနာအသင်းမှာ ရိုးမားအသင်းဘက်ကို ပွဲချိန်ပြည့်နီးပါး စိုးမိုးကစားနိုင်ခဲ့သော်လည်း ရိုးမားခံစစ်သိပ်သည်းမှုနှင့် ဘာစီလိုနာအသင်းမှ အခွင့်အရေးအချို့ အသုံးမချနိုင်ခဲ့သဖြင့် တစ်မှတ်နှင့် ကျေနပ်ခဲ့ရသည်။ဘာစီလိုနာအသင်းသည် ပွဲချိန်(၂၁)မိနစ်တွင် ဆွာရက်ဇ်၏ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး (၃၁)မိနစ်တွင် ရိုးမားမှ ဖလော်ရန်ဇီက ရှေ့ထွက်နေသော ဘာစီလိုနာဂိုးသမား စတီဂျန်၏ အမှားကို အခွင့်ကောင်းယူကာ ကွင်းလယ်စည်းနားမှ တစ်ဆင့် လှလှပပ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲစဉ်ရလဒ်များလေဗာကူဆင် ၄-၁ BATEရိုးမား ၁-၁ ဘာစီလိုနာဒိုင်နမိုဇာဂရက် ၂-၁ အာဆင်နယ်အိုလံပီယာကော့စ် ဝ-၃ ဘိုင်ယန်မြူ းနစ်ဒိုင်နမိုကိဗ် ၂-၂ ပေါ်တိုချယ်လ်ဆီး ၄-၀ မက္ကာဘီတဲလ်အဗစ်ဗလင်စီယာ ၂-၃ ဇင်းနစ်ဂျန့် ၁-၁ လိုင်ယွန်