နေပြည်တော်လစာ ကြွေးကျန်ကိစ္စ စက်တင်ဘာ ၁၅ ရက် အကြောင်းမပြန်ပါက AFC အထိ တိုင်ကြားမည်

နေပြည်တော်လစာ ကြွေးကျန်ကိစ္စ စက်တင်ဘာ ၁၅ ရက် အကြောင်းမပြန်ပါက AFC အထိ တိုင်ကြားမည်
Published 13 September 2015

          နေပြည်တော်အသင်း အုပ်ချုပ်/နည်း ပြ အဖွဲ့ဝင်ဟောင်းများသည် ပြီးခဲ့သည့်ရာသီက လစာကြွေးကျန်များအား စက်တင်ဘာ ၁၅ ရက်မတိုင်မီ ဖြေရှင်းမှုပြုလုပ်ခြင်းမရှိပါက အာရှဘောလုံးအဖွဲ့ချုပ် (AFC) ထံ တိုင် ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
“လစာကြွေးကျန်ကိစ္စနဲ့ပတ်သက်ပြီး MFF ဆီကို ဒုတိယအကြိမ် စာပို့ထားပါတယ်။ ပထမတစ်ကြိမ်က အရေးတယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့  ဥက္ကဋ္ဌဆီကို တင်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ MFF နဲ့ နေပြည်တော်အသင်းတို့ရဲ့ အကြောင်းပြန်မှုကို စက်တင်ဘာ ၁၅ ရက် အထိပဲ စောင့်သွားမှာပါ။ စက်တင်ဘာ ၁၅ ရက်မှာ အကြောင်းပြန်မှုတစ်စုံတစ်ရာမရှိခဲ့ရင် ၁၆ ရက်မှာ AFC ကို စာပို့သွားမှာပါ။ AFC ကို တိုင်ကြားဖို့စာ အဆင်သင့်ပြုလုပ်ပြီးသွားပါပြီ။ ကျွန်တော်တို့ အချိန်အကြာကြီး စောင့်ခဲ့ပေမယ့် MFF နဲ့နေပြည်တော်အသင်းတို့က အရေးတယူအကြောင်းပြန်မှု မရှိတာကြောင့် အခုလိုစီစဉ်ထားတာပါ”  ဟု နေပြည်တော် အုပ်ချုပ်သူဟောင်းဦးဇော်ဝင်းက ပြောကြားခဲ့သည်။ နေပြည်တော်အသင်းပိုင်ရှင် ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် လစာ ကြွေးကျန်များ အလုံးစုံဖြေရှင်းနိုင်ခြင်းမရှိ သေးသော်လည်း ဘောလုံးပြိုင်ပွဲအချို့တွင် အလှူငွေများလှူဒါန်းလျက်ရှိပြီး စက်တင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် ရန်ပုံငွေခြေစမ်းပွဲတွင်လည်း ရုပ်ရှင်+လက်ရွေးစင်ဟောင်း အသင်းဘက်မှ ပါဝင်ကစားခဲ့သည်။